DVB Logo
Home
မြန်မာသတင်း
မုံရွာ - ဂန့်ဂေါ အကြား လမ်းပိုင်းအခက်အခဲကြောင့် ကားများပိတ်ဆို့
DVB
·
November 10, 2016
မုံရွာ - ဂန့်ဂေါ အကြား လမ်းပိုင်းအခက်အခဲကြောင့် ကားများပိတ်ဆို့
1 / 4
Donate to DVB

မိုးရွာသွန်းမှုတွေကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းနေရာအချို့ ပျက်စီးမှုတွေ ရှိနေပြီး ယာဉ်ကြောပိတ်စို့မှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

“တလမ်းသွားနေရာတွေ များတော့ လမ်းကျဉ်တာရယ် ရှေ့ ကားတစီးတလေ ပျက်တာ လမ်းချော်တာတို့ဆိုရင် နောက်ကလာတဲ့ ယာဉ်တွေ ပိတ်ကုန်တယ်။ အခုလည်း ရှေ့မှာ ဆီကားတစီးလမ်းချော်နေတာနဲ့ ကားတွေ ပိတ်နေတာ မနေ့ကကတည်းက တညအိပ်လိုက်ရတယ်။ ကားသေးတွေကိုတော့ စစ်သားတွေ လာကူတွန်းပေးနေတယ်။ ငါးစီး ဆယ်စီး လွတ်လွတ်သွားတယ်။ မန္တလေးကားတွေပါ” လို့ ယာဉ်ကြော ပိတ်မိနေတဲ့ ခရီးသွားတဦးဖြစ်တဲ့ ကိုစိုးနေလင်းက ပြောပါတယ်။

မနေ့ကတည်းက လတ်တလော လမ်းပိတ်မိနေတဲ့ ကားအစီးရေဟာ ၂၀၀ လောက်ရှိနေပါတယ်။ ပိတ်မိနေတဲ့ နေရာကတော့ မိုင်တိုင်အမှတ် ၅၇ မှာ ဖြစ်ပါတယ်။

လမ်းပိတ်ဆို့နေတဲ့အတွက် ညအိပ်ရပေမယ့် ပိတ်မိနေတဲ့ ၅၇ မိုင်အနီးမှာ အောင်ငြိမ်းချမ်းဆိုတဲ့ ရွာရှိနေတဲ့အတွက် စားသောက်ဖို့အတွက်တော့ ထမင်းတပွဲ တထောင်နဲ့ ရွာက ချက်ပေးတဲ့ အတွက် အဆင်ပြေနေတယ်လို့လည်း သိရပါတယ်။

ကလေး-မုံရွာ လမ်းပန်းဆက်သွယ်ရေးအတွက် ယာကြီးလမ်း ရှိနေပေမယ့် အသုံးပြုမရသေးပဲ ကလေး-မုံရွာ အတွက် ရေကြောင်းလိုင်းနဲ့ မုံရွာ-ဂန့်ဂေါ-ကလေး လမ်းပိုင်းကိုသာ လက်ရှိ အသုံးပြုနေရပြီး မိုးတွင်းကာလတွေမှာ ဂန့်ဂေါ ပတ်လမ်းပိုင်း လမ်းပျက်စီးမှု ကားလမ်းချော်မှု တောင်ကျချောင်းရေကျမှုတွေကြောင့် ယာဉ်ကြောပိတ်မှုတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။

ယာဉ်ကြောပိတ်မှုတွေဖြစ်နေပေမယ့် လူစီးကားငယ်လေးတွေ အနေနဲ့တော့ ကားကြီးတွေလောက် လမ်းပိတ်စို့မှုမခံရပဲ လူအင်အားအကူအညီနဲ့ ပတ်ကွေ့တွန်းထုတ် မောင်းနှင်သွားနေဆဲ အခြေအနေ ရှိနေပါတယ်။

မင်းရဲစစ်နိုင်

ဓာတ်ပုံနှင့် video - စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013