DVB Logo
Home
မြန်မာသတင်း
အမေရိကန်သမ္မတ ရွေးကောက်ပွဲကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်
DVB
·
November 10, 2016
အမေရိကန်သမ္မတ ရွေးကောက်ပွဲကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်
Donate to DVB

အမေရိကန်သမ္မတ ရွေးကောက်ပွဲကြောင့် ကမ္ဘာ့ရွှေဈေး မြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်းပါ ငွေကျပ် ၁ သောင်းကျော် ထပ်မံမြင့်တက်လာပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းတွေက ၁ အောင်စကို ဒေါ်လာ ၅၀ လောက် ထပ်မံမြင့်တက်လာပါတယ်။

ဒီလို ကမ္ဘာ့ရွှေဈေးနှုန်းတွေ ထပ်မံမြင့်တက်လာတာဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကြောင့် ဖြစ်တယ်လို့ ရွှေဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းတွေက ၁ အောင်စကို ဒေါ်လာ ၅၀ လောက် ထပ်မံမြင့်တက်လာတဲ့အတွက် ပြည်တွင်းရွှေဈေးနှုန်းတွေကပါ ငွေကျပ် ၁ သောင်းကျော် ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က “ပြည်တွင်းရွှေဈေးအနေနဲ့ဆို စဖွင့်ကတည်းကနေပြီးတော့ မနေ့တုန်းက ပိတ်သွားတာ ၈ သိန်း ၈ သောင်းနဲ့။ ဒီနေ့ဆိုရင် ၈ သိန်း ၉ သောင်းနဲ့ ၄ ထောင်။ ၁ သောင်း ၄ ထောင်လောက်အထိ တက်သွားတယ်။ အခုတော့ နည်းနည်းလေးပြန်ကျတယ်၊ ၈ သိန်း ၉ သောင်း ၁ ထောင် ဖြစ်သွားတယ်။ ကမ္ဘာ့ရွှေဈေးကတော့ တက်သွားတယ်။ မနေ့ကဆို ၁၂၈၀၊ ဒီနေ့ဆို ၁၃၃၀ အထိကို တက်သွားတယ်။ တရက်တည်းကို ဒေါ်လာ ၅၀ လောက် တက်သွားတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နိုင်သွားတဲ့အတွက် ဒီလို ဈေးတွေ တက်သွားတာပေါ့နော်” လို့ ပြောပါတယ်။

ရွှေဈေးက မြင့်တက်လာတဲ့အတွက် ငွေဖော်ချင်သူတွေအနေနဲ့ ပုံမှန်ရွှေဈေးနှုန်းထက် လျှော့ပြီး ဈေးကွက်ထဲမှာ ရောင်းချတာတွေလည်း ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “ရွှေဆိုင်တွေ၊ ရွှေပန်းထိမ်တွေမှာ ဝယ်လိုအားကျဆင်းနေတုန်း ဖြစ်ပါတယ်။ ဝယ်လိုအား ကျဆင်းနေတဲ့အတွက်၊ ပြန်ပြီးသိမ်းနေရတဲ့အတွက် ဈေးကွက်က ပြန်ရောင်းလိုအားများနေတာ ဖြစ်ပါတယ်။ ငွေဖော်မယ့်လူတွေကတော့ ပေါက်ဈေးထက် ၁ ကျပ်သား ၁၀၀၊ ၂၀၀ လောက် လျှော့အပ်နေရပါတယ်။ လျှော့ပြီး အရောင်းအဝယ်လုပ်နေရပါတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့မှာတော့ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၈၉၁၀၀၀ ပေါက်ဈေးရှိနေပြီး ၁၅ ပဲရည် ရွှေ ၁ ကျပ်သားကိုတော့ ၈၃၅၀၀၀ ပေါက်ဈေး ရှိနေပါတယ်။

ရွှေထည်လက်ဝတ်ရတနာ ရောင်းချတဲ့ အရောင်းဆိုင်တွေမှာတော့ တဆိုင်နဲ့တဆိုင် ၁၅ ပဲရည် ရွှေဈေးနှုန်းတွေက အနည်းငယ် ကွာဟမှုတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013