DVB Logo
Home
မြန်မာသတင်း
ထီးချိုင့်မြို့တွင် သိမ်းဆည်းခံ လယ်မြေများပြန်လည်ရရှိရေး တောင်သူများ ဆန္ဒပြ
DVB
·
November 10, 2016
ထီးချိုင့်မြို့တွင် သိမ်းဆည်းခံ လယ်မြေများပြန်လည်ရရှိရေး တောင်သူများ ဆန္ဒပြ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၀ လောက်က တောင်သူလယ်သမား ၁၀၀ ကျော်လောက်က သိမ်းဆည်းခံထားရတဲ့လယ်ယာမြေတွေပြန်ပေးဖို့ ဒီနေ့ မနက်ပိုင်းက ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မောင်းကုန်း၊ အုတ်ဆုံ၊ အောင်သာယာ၊ ကြက်တကောင်၊ အင်ဒေါင်း၊ ချိတ်သင်၊ တုံးပုံ၊ ပေါက်နက်၊ တုံလုံ စတဲ့ကျေးရွာတွေက  မြေသိမ်းခံတောင်သူတွေက လယ်မြေပြန်ရဖို့ ဆန္ဒပြတာဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က ဂရိတ်ဝေါ (လ်) ဝေမာကုမ္ပဏီနဲ့ သတ္တုထုတ်လုပ်ရေး နီကယ်စက်ရုံ တည်ဆောက်ရာမှာ ဒေသခံတောင်သူတွေရဲ့  လယ်ယာမြေတွေကို ဥပဒေမဲ့ သိမ်းယူခြင်း ခံခဲ့ရတာလို့ ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်ပါဝင်သူ ဦးစိန်လှက ပြောပါတယ်။

“၂၀၀၅ ခုနှစ်က ကျနော်တို့လယ်ယာမြေတွေကို အတင်းအဓမ္မ သိမ်းခံခဲ့ရတယ်။ ဥပေဒတွေရှိ တယ်။ ဥပဒေတွေ အသုံးမပြုဘဲနဲ့ ကျနော်တို့ အတင်းအဓမ္မ သိမ်းခံခဲ့ရတယ်။ အဲဒီအတွက် ကျနော်တို့ ဆန္ဒထုတ်ဖော်နေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထဲမှာလည်း ကျနော်တို့ မြေကိစ္စကို မဖြေရှင်းပေးခဲ့ပါဘူး။ အခု ဒီအစိုးရလက်ထက်မှာလည်း အစိုးရ လယ်ယာမြေ ပြန်လည်စိစစ်ရေးဥက္ကဋ္ဌ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူဆီကို ကျနော်တို့ စာတွေထင်တားပါ တယ်။ ဒါပေမယ့်ဒီကနေ့ အချိန်ထိ ဘာမှ မလုပ်ပေးသေးပါဘူး။”

ဒီကနေ့ ဆန္ဒထုတ်ဖော်ရာမှာလည်း  အသိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ ဥပဒေမဲ့ နီကယ်စက်ရုံ ဖျက်သိမ်းရေး၊ ဥပဒေမဲ့ ဂရိတ်ဝေါ (လ်) စက်ရုံ (၆) ရုံ ဖျက်သိမ်းရေး၊  တိုင်းရင်းသား နိုင်ငံသားတို့ ဘဝ လုံခြုံရေးစတဲ့အချက်တွေကို ကြွေးကြော်ပြီး  စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၂ဝဝ၅ ခုနှစ် စစ်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ကသာခရိုင်မှာ လယ်ယာမြေဧကပေါင်း သိန်းဂဏန်းနီးပါးအထိ သိမ်းယူရာမှာ အဲဒီကျေးရွာတွေက လယ်ယာမြေတွေလည်း ပါသွားခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013