DVB Logo
Home
မြန်မာသတင်း
စစ်​​တွေမြစ်​အတွင်း ကယ်ဆယ်ရေး စက်လှေတစီး မီး​လောင်​ (ရုပ်သံ)
DVB
·
November 9, 2016
စစ်​​တွေမြစ်​အတွင်း ကယ်ဆယ်ရေး စက်လှေတစီး မီး​လောင်​ (ရုပ်သံ)
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ မီးစံရပ်ကွက် ကုလားတန်မြစ်ထဲမှာ  နေ့လယ် ၃ နာရီ လောက်က ကယ်ဆယ်ရေးပစ္စည်းတွေသွားပို့တဲ့ စက်လှေတစီး မီးလောင်းကျွမ်းခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

အဲဒီလှေဟာ ဒဘယ်ဂရိတ်ကုမ္ပဏီပိုင် စက်လှေဖြစ်ပြီး အနောက်ရဲကယ်ဆယ်ရေးစခန်းကို ပစ္စည်းတွေ သွားပို့ရင်း အိတ်ဇောပိုက်နားက အပူတွေကူးပြီး လောင်ကျွမ်းခဲ့တာလို့ ပြည်နယ်မီး သတ်ဦးစီးမှူး ဦးစံရွှေထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဖြစ်တဲ့နေရာက စစ်တွေမြို့အထွက် ရေမိုင် တစ်မိုင်လောက်ဝေးတဲ့ ကုလားတန်မြစ်ဝ နားမှာပါ။  အချိန်က ၁၄ နာရီ ၅၅ မိနစ်၊ Solidarity International  အိုင်အန်ဂျီအိုတစ်ခုရဲ့ Non Food Item ( အစားအသောက်မဟုတ်သော ) ကယ်ဆယ်ရေးပစ္စည်းတွေကို သွားပို့ရင်းနဲ့ အဲဒီပစ္စည်းက စက္ကူကပ်ဖာတွေဟာ စက်လှေရဲ့ အိပ်ဇောပိုက်နဲ့ နီးနီးကပ်ကပ်ရှိနေတော့ အပူကူးပြီး မီးလောင်တယ်၊ မီးလောင်တော့ ဒီဘက်ကို ပြန်လာတော့ ကျနော်တို့လည်း မီးသတ်စက်တွေကို စက်လှေနဲ့တင်ပြီး သွားငြိမ်းတာပေါ့၊ ဘာမှတော့ အန္တရာယ်မဖြစ်ပါဘူး ။”

မီးလောင်မှုကြောင့် စက်လှေအင်ဂျင်နည်းနည်းလောင်သွားသွားတာကလွဲလို့ ကြီးကြီးမား မား ပျက်စီးမှုမရှိသလို လူတွေ ထိခိုက်ဒဏ်ရာရတာလည်း မရှိဘူးလို့ သူကဆက်ပြောပါတယ်။

ပစ္စည်းတွေလည်း  ၄ ပုံ ၃ ပုံ ပြန်ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ကျပ် ၆ သိန်းလို့ ခန့်မှန်း တယ်လို့  ဦးစီးမှူးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013