DVB Logo
Home
မြန်မာသတင်း
သမ္မတဦးထင်ကျော် ဘန်ကောက်မြန်မာသံရုံးတွင် အလုပ်သမားများနှင့် တွေ့ဆုံ
DVB
·
November 9, 2016
သမ္မတဦးထင်ကျော် ဘန်ကောက်မြန်မာသံရုံးတွင် အလုပ်သမားများနှင့် တွေ့ဆုံ
Donate to DVB

နတ်ရွာစံ ထိုင်းဘုရင်မင်းမြတ်ကို ထိုင်းဘုရင့်နန်းတော်မှာ ဒီနေ့မနက်က သွားရောက် ဂါရ၀ပြုခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို သွားရောက်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာအလုပ်သမားတွေဘက်က နိုင်ငံကူးလက်မှတ်(ပတ်စ့်ပ်ို့)လျှောက်ထားရမှာ အချိန်ကာလကြာမြင့်နေတဲ့ အကြောင်းအရာနဲ့ ပက်သက်ပြီး တင်ပြရာမှာ သမ္မတက သက်ဆိုင်ရာ ဌာန အဖွဲ့စည်းတွေကို ပြန်လည်မေးမြန်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“သံအမတ်ကြီးကလည်း ပြောပါတယ်။ ရန်ကုန်ကို ရောက်သွားပြီး ဟိုဘက်မှာကြာတယ်။ အဲဒါတွေမြန်အောင် ဘယ်လိုလုပ်လို့ရ မလဲဆိုတာပြောတယ်။ အဲတော့ ကျနော်လည်းပြန်ရောက်ရင် သက်ဆိုင်ရာဌာနနဲ့ မေးကြည့်မယ်။ ဘာများ လုပ်ပေးလို့ရနိုင်မလဲ။ အကူအညီဖြစ်နိုင်တဲ့ဟာ၊ လုပ်ပေးလို့ရနိုင်တဲ့ဟာရှိရင် လုပ်ပေးပါမယ်။”

ဒါ့အပြင် သမ္မတက အလုပ်သမားတွေကို မြန်မာပြည်မှာ အလုပ်လုပ်နိုင်အောင် ဖန်တီးပေးမှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့လည်း ပညာတွေယူလာပြီး မိမိနိုင်ငံမှာ အသုံးချဖို့လည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ စည်းစည်းရုံးရုံးနေကြဖို့၊ ဥပဒေကိုလိုက်နာဖို့နဲ့ တယောက်နဲ့ တယောက်ကူညီပြီး လိမ်လိမ်မာမာနေကြဖို့ ပြောဆိုဆုံးမခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013