DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ရွာသား၂ ဦးကို ဖမ်းဆီးခေါ်ဆောင်
DVB
·
November 9, 2016
အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများက ရွာသား၂ ဦးကို ဖမ်းဆီးခေါ်ဆောင်
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက နေအိမ်တအိမ်ကို အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေ ရောက်ရှိလာပြီး နေအိမ်တံခါးကို ရိုက်ချိုးဖျက်ဆီး နေအိမ်ကိုမီးရှို့ကာ လူ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့  မြဝတီသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီလောက်က မောင်တောမြို့နယ် ဇင်ပိုင်ညာကျေးရွာအုပ်စု၊ ဖူခါလီကျေးရွာနေ နူမာမောက်ရဲ့ နေအိမ်ကို ဇင်ပိုင်ညာကျေးရွာနေ ဂေါ်ဇီရာမောက်၊ ဂျူဘိုင်၊ နူရူစလန်နဲ့ ရာဖစ်တို့ ဦးဆောင်တဲ့ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ ၁၅ ဦးလောက် ရောက်ရှိလာပြီး နေအိမ်တံခါးကို တုတ်၊ ဓားတွေနဲ့ ရိုက်ချိုးဖျက်ဆီး နေအိမ်ကို မီးရှို့ကာ ဖိုက်ဇယနဲ့ မာမွတ်ဖာရိုတို့ ညီအစ်ကို ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဒီအကြမ်းဖက်သူတွေကို အချိန်မီဖမ်းဆီးနိုင်ရေး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေအိမ်နဲ့ အနီးပတ်ဝန်းကျင်ကို ရှင်းလင်းခဲ့ရာ ည ၁၂ နာရီခွဲမှာ နေအိမ်ရဲ့ အနောက်ဘက်လယ်ကွင်းအစပ်မှာ မာမွတ်ဖာရိုကို ဓားပြတ်ရှဒဏ်ရာ ၁၁ ချက်၊ ထိုးသွင်းဒဏ်ရာ၂ ချက်နဲ့ တွေ့ရလို့ မောင်တောပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူတွေကို ဖမ်းဆီးရမိနိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်း ဆောင်ရွက်နေတယ်လို့ မြဝတီသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013