DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားအရေး လှုပ်ရှားသူ အန်ဒီဟောလ် အလုပ်ရှင်ခြိမ်းခြောက်မှုကြောင့် ထိုင်းမှထွက်ခွာ
DVB
·
November 8, 2016
မြန်မာအလုပ်သမားအရေး လှုပ်ရှားသူ အန်ဒီဟောလ် အလုပ်ရှင်ခြိမ်းခြောက်မှုကြောင့် ထိုင်းမှထွက်ခွာ
Donate to DVB

ထိုင်းနိုင်ငံမှာ ဆယ်နှစ်ကျော်နေထိုင်ပြီး မြန်မာအပါအ၀င် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး တက်ကြွစွာလှုပ်ရှားဆောင်ရွက်ခဲ့သူ ဗြိတိန်နိုင်ငံသား အန်ဒီဟောလ်ဟာ တရားရုံးက သူ့ရဲ့အမှုကို ပလပ်လိုက်ပြီးနောက်  ထိုင်းနိုင်ငံကနေ ဗြိန်တိန်ကို ပြန်လည်ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

ထိုင်းအလုပ်ရှင်တွေရဲ့ ခြိမ်းခြောက်ဖိအားပေး ခံနေရတာတွေကြောင့် ဆက်လက်ရင်ဆိုင်လိုစိတ် မရှိတော့ဘဲ နိုဝင်ဘာ ၆ ရက် ညသန်းခေါင်ကျော်အချိန်မှာ ထိုင်းနိုင်ငံကနေ အကန့်အသတ်မရှိ ထွက်ခွာသွားပြီလို့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ကိုစိန်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့မှာ ဖိအားတွေများလာတဲ့အတွက် အကန့်အသတ်မရှိ ခဏနားမယ်ပေါ့နော်၊ ထိုင်းမှာမနေတော့ဘူးပေါ့။ ပြီးခဲ့တဲ့ကာလမှာဆိုရင် နာနတ်သီးစက်ရုံပိုင်ရှင်က သူ့ကို အမှုပေါင်း ၄ မှု တရားစွဲခဲ့တယ်။ တရားမမှု ၂ ခုမှာ သူက အောင်ခဲ့ပြီး နောက်ပြစ်မှုဆိုင်ရာကျတော့ အောက်တရားရုံးမှာရှုံးပြီး ဆိုင်းငံ့ပြစ်ဒဏ်ချခံထားရတယ်။ အဲဒါအပြင်ကို ကြက်သားစက်ရုံ ပိုင်ရှင်ကလည်း ထပ်ပြီး တရားစွဲဆိုဖို့ ကြိုးပမ်းနေတယ်။ သူ့အနေနဲ့ အဲဒီကိစ္စတွေမှာ ဆက်ပြီး အချိန်ကုန်မခံချင်တော့ဘူးလို့ပြောတယ်။ ရှေ့နေ ငှားရပြုရ ငွေကြေးလည်းကုန်တယ်။ လူလည်း စိတ်အနှောင့်အယှက် ဖြစ်ရတယ်လေ။ လွတ်လပ်မှုလည်း ဆုံးရှုံးတယ်ပေါ့နော်။ ဥပမာ တရားရုံးက ပတ်စ်ပို့သိမ်းထားတာတို့၊ နိုင်ငံပြင်ပထွက်ခွင့်မပြုတာတို့ ဆိုတော့ကာ သူ့အတွက်က ဆက်ပြီး အလုပ်လုပ်ဖို့ နေထိုင်ဖို့ အခက်အခဲတွေ တအားကြီးဖြစ်တာပေါ့။ အဲဒါကြောင့် ထိုင်းနိုင်ငံကနေ ထွက်ခွာသွားတာပေါ့။”

အန်ဒီဟောလ်ဟာ သူတို့အဖွဲ့ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံက မထွက်ခွာခင်မှာတော့ သူ့ရဲ့ကူညီဆောင်ရွက်ဆဲအမှုကိစ္စတွေ အထူးသဖြင့် ကြက်သားစက်ရုံက အလုပ်သမား ၁၄ ဦး အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စအတွက် အလုပ်ရှင်ကို ဘတ်ငွေ ၄၆ သန်း အလျော်တောင်းထားတဲ့ကိစ္စ၊ ဆက်လက်လုပ်ဆောင်ရမယ့်အရာတွေကို ညွှန်ကြား သွားတယ်လို့ ဆိုပါတယ်။

အန်ဒီဟောလ်ဟာ ထိုင်းနိုင်ငံမှာရှိနေစဉ်ကာလအတွင်း ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်း အလုပ်သမား လုပ်ပိုင်ခွင့်နဲ့ပတ်သက်တဲ့ မူဝါဒတွေ ပြုပြင်ပြောင်းလဲလာအောင် ဆောင်ရွက်ပေးခဲ့သူဖြစ်သလို  လိပ်ကျွန်း လူသတ်မှုမှာလည်း မြန်မာအလုပ်သမား ၂ ဦးဘက်ကနေ ရပ်တည်ပြီး ထဲထဲဝင်ဝင် ကူညီဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါတယ်။

အန်ဒီဟောလ် အခုလို  ထိုင်းနိုင်ငံမှာ မရှိတော့တဲ့အတွက်  ရွေ့ပြောင်းအလုပ်သမားတွေ အရေးဆောင်၇ွက်ရာမှာ အားလျော့သွားသလို နိုင်ငံတကာ ထိရောက်အောင် ဆောင်ရွက်ရေးမှာ အားနည်းမှာကို စိုးရိမ်မိတယ်လို့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့  ခေါင်းဆောင် ဦးစိန်ဌေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013