DVB Logo
Home
အာရှဒေသ
နီ​ပေါအစိုး​ရနဲ့​ ​မော်ဝါဒီသူပုန်​တွေကြား​ သမိုင်း​ဝင် ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ သ​ဘောတူညီမှု ရရှိ
DVB
·
November 7, 2011
နီ​ပေါအစိုး​ရနဲ့​ ​မော်ဝါဒီသူပုန်​တွေကြား​ သမိုင်း​ဝင် ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ သ​ဘောတူညီမှု ရရှိ
Donate to DVB

နီ​ပေါနိုင်ငံရဲ့​ အဓိက နိုင်ငံ​ရေး​ပါတီ​တွေဟာ ကာလအတန်ကြာ အ​ချေအတင်​ဆွေး​နွေး​ခဲ့​ပြီး​နောက်၊​ ယခု သမိုင်း​ဝင်ငြိမ်း​ချမ်း​ရေး​ သ​ဘောတူညီချက် ရရှိသွား​ပြီ ဖြစ်ပါတယ်။ အဲဒီသ​ဘောတူညီချက်မှာ ယခင် ​မော်ဝါဒီ တပ်သား​ ၁၉,၀၀၀ ရဲ့​ အနာဂတ်အတွက် ​ဆွေး​နွေး​မှု​တွေလည်း​ ပါဝင်ခဲ့​ပါတယ်။ ​မော်ကွန်မြူနစ်ဝါဒီ သူပုန်​တွေဟာ ဆယ်စုနှစ်အ​တော်ကြာ ပုန်ကန်ထကြွခဲ့​ပြီး​၊​ သူပုန်တပ်သား​ ၁၈,၀၀၀ ​ကျော် ​သေဆုံး​ ခဲ့​ပါတယ်။ ၂၀၀၆ ခုနှစ်မှာ သူပုန်​တွေ လက်နက်ချခဲ့​ပြီး​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မှု စတင် လုပ်​ဆောင်ခဲ့​ပါတယ်။ အခု သ​ဘောတူညီချက်အရ ​မော်ဝါဒီတပ်သား​ဟောင်း​ သုံး​ပုံတပုံကို အစိုး​ရစစ်တပ်ထဲ ​ပေါင်း​ထည့်​မှာဖြစ်ပြီး​၊​ ကျန်တပ်သား​တွေကို​တော့​ ​ငွေ​ကြေး​ထောက်ပံ့​ပြီး​ အနား​ယူခိုင်း​မှာ ဖြစ်ပါတယ်။ ယခု အဲဒီ သူပုန် တပ်သား​ဟောင်း​တွေရဲ့​ အနာဂတ်ကို ခါသမန်ဒူမြို့​မှ ‘ဆူနီလ် နျူပန်နီ’ (Sunil Neupane )က ​ဆွေး​နွေး​တင်ပြ သတင်း​ ​ပေး​ပို့​ထား​တာဖြစ်ပါတယ်။ ဒီဘာသာပြန် သတင်း​ဆောင်း​ပါး​ကို ယုယမိုး​က စီစဉ်တင်ဆက်ထား​တာဖြစ်ပါတယ်။ အသံဖိုင်မှာနား​ဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013