DVB Logo
Home
မြန်မာသတင်း
စစ်တွေယမ်းတိုက် မီးလောင်ပေါက်ကွဲမှု စုံစမ်းစစ်ဆေးနေ
DVB
·
November 8, 2016
စစ်တွေယမ်းတိုက် မီးလောင်ပေါက်ကွဲမှု စုံစမ်းစစ်ဆေးနေ
Donate to DVB

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ ယမ်းတိုက်မီးလောင်မှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်မှုရှိမရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေတယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

နိုဝင်ဘာ ၇ ရက် မနက် ၁၁ နာရီ ၅၅ မိနစ်ခန့်က စစ်တွေမြို့ နယ်မြေခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ရှိ ခဲယမ်းတွေသိုလှောင်တဲ့ ယမ်းတိုက်တလုံး မီးလောင်မှု ဖြစ်ပွားခဲ့လို့ ခဲယမ်းတချို့ မီးလောင်ပျက်စီးသွားခဲ့တာပါ။

မီးလောင်မှုနဲ့ပတ်သက်ပြီး ကနဦး စစ်ဆေးတွေ့ရှိချက်အရ ဓာတုပစ္စည်းတွေရဲ့ ဓာတုဂုဏ်သတ္တိဆိုင်ရာ ဓာတ်တုံ့ပြန်မှု (Chemical Reaction)  ကြောင့် ဖြစ်နိုင်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးနေပြီး အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်ပတ်သက်မှု ရှိ/မရှိကိုလည်း စစ်ဆေးနေတယ်လို့ မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ယမ်းတိုက်မီးလောင်မှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာတော့ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013