DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်ပြောင်းလဲလာသော်လည်း တရားစီရင်ရေးကဏ္ဍ မပြောင်းလဲသေးဟု အတိုက်အခံပါတီ ပြော
DVB
·
November 8, 2016
အစိုးရသစ်ပြောင်းလဲလာသော်လည်း တရားစီရင်ရေးကဏ္ဍ မပြောင်းလဲသေးဟု အတိုက်အခံပါတီ ပြော
Donate to DVB

အစိုးရအသစ် ပြောင်းလဲလာပေမယ့် တရားစီရင်ရေးကဏ္ဍမှာ ဘာမှ မပြောင်းလဲသေးဘူးလို့ အတိုက်ခံပါတီဝင်တွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲနိုင်ခဲ့တာ အခု နိုဝင်ဘာ ၈ ရက်မှာ ၁ နှစ်ပြည့်ခဲ့ပေမယ့် တရားဥပဒေစိုးမိုးရေးအတွက် တရားစီရင်ရေးတွေမှာ ပြောင်းလဲလာတာတွေ မရှိသေးဘူးလို့ အတိုက်အခံပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒေါက်တာပွင့်ဆန်းက ပြောဆိုလိုက်တာပါ။

“တရားစီရင်ရေးကဏ္ဍမှာ ပုံမှန်ပေါ့လေ။ သိပ်ပြောင်းလဲမှု ကျနော်တို့ မတွေ့ဘူးပေါ့။ ပုံမှန်အတိုင်းသွားတယ်။ မီဒီယာကဏ္ဍမှာ မီဒီယာရဲ့အင်အားတွေ ကောင်းလာတယ်။ ဒါပေမယ့် အင်အားကြီးလာတယ်၊ ကောင်းလာပေမယ့် ပြည်သူ့အကျိုးပြုပေါ့နော်။ ပြည်သူတွေအကျိုးပြု တကယ့်ကို စတုတ္ထမဏ္ဍိုင်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ဖြစ်နိုင်မယ့် Effective, Affection ဖြစ်တဲ့ မီဒီယာကဏ္ဍကြီး ဖြစ်အောင်လုပ်ဖို့တော့ အများကြီးလိုသေးတယ်။ ပြောင်းလဲသွားတဲ့အထဲမှာ အဲဒီဟာကတော့ ပြောင်းလဲမှုအားနည်းသေးတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။”

ရွေးကောက်ပွဲရလဒ်အရ စနစ်တကျ အာဏာလွှဲပြောင်းရေး အဆင်ပြေ ချောမွေ့ခဲ့ပေမယ့် စစ်တပ်ရဲ့ နိုင်ငံရေးလွှမ်းမိုးမှုတွေက ဆက်ရှိနေသေးတာကြောင့် အစိုးရသစ်အနေနဲ့ အရေးအကြီးဆုံး ရင်ဆိုင်ရတဲ့ ကိစ္စတခုဟာ အာဏာအရပ်ရပ်ကို ချုပ်ကိုင်ခွင့် မရရှိသေးတာပါ။

အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က “အာဏာရှိသူတွေက ရွက်ပုန်းသီး လာဘ်ယူမှုတွေ ဖြစ်လာပြီ။ ဘာလုပ်မလဲ။ အခု အရေးယူတယ်ဆိုတာ အသေးအမွှေးလေးတွေ။ မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်ဆိုတာ အမြင့်ဆုံးပဲ။ စာရေးလောက်ကို အရေးယူနေတာ။ အဲဒီတော့ တရုတ်ပြည်မှာလို တကယ် လာဘ်ပေးလာဘ်ယူ ပပျောက်ချင်ရင် ခြင်ကောင်လေးတွေချည်းပဲ မလုပ်နဲ့။ ကျားတွေ ဘာတွေ ဖမ်းပြီးတော့ ရိုက်ပြရမယ်။ အဲဒါမှသာလျှင် လာဘ်ပေးလာဘ်ယူကိစ္စတွေ တားနိုင်မှာပါ” လို့ ပြောပါတယ်။

အစိုးရအဖွဲ့အစည်းသစ် ပြောင်းလဲလာပေမယ့် တရားစီရင်ရေး မပြောင်းလဲရတဲ့ အကြောင်းရင်းကို မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ဥက္ကဋ္ဌ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုလို ထောက်ပြပြောဆိုလိုက်ပါတယ်။

“တရားစီရင်ရေး ဘာလို့ မပြောင်းလဲလည်းဆိုရင် တရားစီရင်ရေးကဏ္ဍကြီးက တခြားလေ။ လွှတ်တော်နဲ့လည်းမဆိုင်ဘူး၊ အုပ်ချုပ်ရေးနဲ့လည်းမဆိုင်ဘူး။ အဲဒီတခြားမှာမှ တရားသူကြီးချုပ်ဆိုတာ ၂၀၀၈ အခြေခံဥပဒေနဲ့ ဖွဲ့ထားတာ။ အဲဒီက ခန့်ထားတာ။ ဆိုတော့ အဲဒီတရားသူကြီးချုပ်က အသက် ၇၀ မပြည့်မချင်း ဆက်လုပ်နေတာ။ သူက စစ်တပ်က။ စစ်တပ်က ၅ ယောက် ပါတယ်။ အရပ်သားက ၂ ယောက် ပါတယ်။ ၇ ယောက်။ အားလုံး ၁၁ ယောက်ခန့်ခွင့်ရှိတယ်။ ၄ ယောက် လပ်နေတယ်။ စစ်တပ်က ၅ ယောက်က ဘယ်တုန်းကမှ တရားမစီရင်ဖူးဘူး။ သူတို့တွေက ဒီလိုပဲရောက်ချလာပြီး တန်းပြီး တရားခွင်၊ အမြင့်ဆုံးတရားရုံးမှာ ထိုင်ကြတာပဲ။”

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဥပဒေစိုးမိုးရေးအတွက် အခက်အခဲတချို့ ရှိနေတာကြောင့် လွှတ်တော်ဘက်ကလည်း အဲဒီဥပဒေတွေကို ပြင်ဆင်ရေးဆွဲတာတွေ ပြုလုပ်ပြီး တရားရေးကို  ထိန်းကျောင်းပေးဖို့လိုတယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

လက်ရှိလွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို သူတို့ရဲ့မူဝါဒအဖြစ် ချမှတ်ထားတာတော့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013