DVB Logo
Home
မြန်မာသတင်း
လူမျိုးရေး၊ဘာသာရေးပြဿနာဖြစ်နိုင်သည့်သတင်းများ သတိထားရန် ပြန်ကြားရေးဝန်ကြီး သတိပေး
DVB
·
November 7, 2016
လူမျိုးရေး၊ဘာသာရေးပြဿနာဖြစ်နိုင်သည့်သတင်းများ သတိထားရန် ပြန်ကြားရေးဝန်ကြီး သတိပေး
Donate to DVB

လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်နိုင်တဲ့ သတင်းတွေကို ရေးသားထုတ်လွှင့်တဲ့နေရာမှာ သတိထားပြီး သတင်းဖော်ပြကြဖို့ သတင်းမီဒီယာသမားတွေကို ပြန်ကြားရေးဝန်ကြီးက သတိပေးလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ သတင်းရင်းမြစ် ခိုင်မာမှုမရှိဘဲ သတင်းဖော်ပြမှုတွေ ရှိခဲ့တဲ့အတွက် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်က အခုလို သတိပေးစကား ပြောဆိုခဲ့တာပါ။

သတင်းသမားတွေအနေနဲ့ ခိုင်လုံမှုမရှိတဲ့သတင်းတွေ ဖော်ပြရင် လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ ပိုကြီးထွားလာနိုင်တဲ့အတွက် နိုဝင်ဘာ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံမှာ ဝန်ကြီးက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးဌာန ဒေါက်တာဖေမြင့်က “ပြဿနာဖြစ်တဲ့ နေရာတွေမှာ သတင်းတွေ အတည်ပြုဖို့ ခက်ခဲသေးတဲ့ အခြေအနေမျိုးမှာ သတင်းသမားအနေနဲ့ကလည်းပဲ အများပြည်သူကို အသိပေးဖို့ လိုအပ်တဲ့အတွက်ကြောင့်မို့လို့ ရရှိတဲ့သတင်းကို အများပြည်သူဆီကို ရသလောက်သတင်းတွေ ပို့ပေးတဲ့အခါမှာ မိမိရတဲ့ သတင်းရင်းမြစ်ခိုင်မာမှု ရှိ၊ မရှိ ဆိုတာကိုတော့ ကျနော်တို့ အတတ်နိုင်ဆုံး လေ့လာစူးစမ်းပြီးမှ ဖော်ထုတ်တင်ပြတာမျိုး လုပ်စေချင်ပါတယ်” လို့ ပြောပါတယ်။

ဝန်ကြီးရဲ့ အခုလိုပြောဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအောင်ရှင်က ထောက်ခံခဲ့ပြီး ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေကို သေသေချာချာ စစ်ဆေး အဖြေရှာသွားမယ်လို့ ပြောပါတယ်။

“ဒေါ်စုကတော့ ပြောသွားတာ ရှင်းတယ်။ ဘာမှ သေချာရေရာမှု မရှိဘဲနဲ့တော့ မဆုံးဖြတ်ဘူး။ ဘာမှ သေချာရေရာမှုမရှိဘဲ ဘယ်သူ့ကို အပြစ်တင်တယ်၊ ရှုတ်ချတယ် ဆိုတာမျိုးတော့ မလုပ်နိုင်ဘူး။ သေသေချာချာ စုံစမ်းစစ်ဆေးပြီးတော့မှ တရားဥပဒေစိုးမိုးရေး ဘောင်ကနေပြီးမှ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အန်အယ်လ်ဒီအစိုးရသစ်လက်ထက် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဒီပြဿနာကို သေသေချာချာ စစ်ဆေး ကိုင်တွယ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013