DVB Logo
Home
မြန်မာသတင်း
ကသာမြို့ရှိ ဖုန်းဆိုင်ဖောက်ထွင်းမှု ၄၈ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး
DVB
·
November 7, 2016
ကသာမြို့ရှိ ဖုန်းဆိုင်ဖောက်ထွင်းမှု ၄၈ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး
Donate to DVB

ကသာမြို့၊ ညဈေးတန်းထောင့် New Shine Mobile ဖုန်းဆိုင်ကို နိုဝင်ဘာ ၅ ရက်နေ့က ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ရာ ၄၈ နာရီအတွင်း ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကသာမြို့ ညဈေးတန်းလမ်းထောင့်က ဖုန်းဆိုင်တဆိုင် ဖောက်ထွင်းခံရကြောင်း တိုင်တန်းချက်အရ ကသာမြို့မရဲစခန်း တာဝန်ရှိသူတွေက အပူတပြင်း လိုက်လံရှာဖွေကြရာ မသင်္ကာဖွယ်တဦးထံမှ သဲလွန်စရရှိပြီး ဖောက်ထွင်းရာမှာ ပါဝင်ခဲ့တဲ့ ၄ ဦးကို ဖုန်း ၂၂ လုံးနဲ့အတူ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖုန်းဆိုင်ဖောက်ထွင်းရာမှာ ဘေးဆိုင်ခန်းဖြစ်တဲ့ သစ်သီးအရောင်းဆိုင်ခန်းသော့ကို ဖျက်ပြီး သံဆန်ခါကို ဖြတ်ဝင်ခိုးယူသွားခဲ့တာ ဖြစ်သလို ဖုန်းအမျိုးအစားစုံ စုစုပေါင်း ငွေကျပ် သိန်း ၃၀ တန်ဖိုးခန့် ခိုးယူခံခဲ့ရတာလို့ ဆိုင်ပိုင်ရှင် ဇေယျာမိုးက ပြောပါတယ်။

အခုလို ဖုန်းဆိုင်ဖောက်ထွင်းခဲ့သူ ထက်နိုင်ဝင်း (၂၀-နှစ်)၊ နိုင်မင်းအေး (၁၇-နှစ်)၊ မျိုးဆန်း (၁၅-နှစ်)၊ ဖုန်ဆန်းအောင် (၁၆-နှစ်) တို့ ၄ ဦးကို ရဲကဖမ်းဆီးထားပါတယ်။

အဲဒီနောက် ဆက်လက်စစ်မေးရာ ထက်နိုင်ဝင်းထံမှ ဖုန်းမျိုးအစားစုံ ၁၇ လုံး၊ မျိုးဆန်းထံမှ ဖုန်းအမျိုးအစားစုံ ၃ လုံး၊ ဖုန်ဆန်းအောင်ထံမှ ဖုန်းအမျိုးအစားစုံ ၂ လုံး၊ စုစုပေါင်း ဖုန်း၂၂ လုံးကို ရှာဖွေပုံစံနဲ့ တွေ့ရှိထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဖုန်းဆိုင်ဖောက်ထွင်းခဲ့သူ ၄ ဦးကိုတော့ ဖမ်းဆီးထားပြီး တရားစွဲဆိုနိုင်ရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ ကသာမြို့မရဲစခန်းက သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - သီဟဆွေ (ကသာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013