DVB Logo
Home
မြန်မာသတင်း
ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် မသင်္ကာဖွယ် ဘင်္ဂါလီ ၄ ဦးကို ဖမ်းဆီး
DVB
·
November 7, 2016
ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် မသင်္ကာဖွယ် ဘင်္ဂါလီ ၄ ဦးကို ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ ကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူးတဦး အပါအဝင် မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ၄ ဦး ထပ်မံဖမ်းဆီးရမိတယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၅ ရက်က နူရူလာရဲကင်းစခန်း ဝင်ရောက်ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေဟာ ဒုညောင်ပင်ကြီး ကျေးရွာအုပ်စု ခေတ္တအုပ်ချုပ်ရေးမှူး မူဟာမတ်ဘူဖိုက်ကို တွေ့ဆုံမေးမြန်းစဉ် ဖြေကြားချက်တွေ အကျိုးအကြောင်း ဆီလျော်မှုမရှိတဲ့အတွက် အဖြစ်မှန်ပေါ်ပေါက်ရေး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါနေ့ ညနေပိုင်းမှာပဲ တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ သဝန်ချောင်းကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးစဉ် အဘူဆော်ယောက် ဆိုသူကို   လေ့ကျင့်ရာမှာသုံးတဲ့ သစ်သားသေနတ်ပုံစံ ၁ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့သလို ကိုးတန်ကောက်ကျေးရွာအနီး နယ်မြေရှင်းလင်းစဉ် နူရ်အာလောင် ဆိုသူကို နေအိမ် အနောက်ဘက် မြေကြီးထဲ မြှုပ်နှံထားတဲ့ ဓား ၇ ချောင်း၊ မှိန်း ၁ လက်နဲ့အတူ တွေ့ရလို့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒ့ါအပြင် မောင်တောမြို့နယ်၊ ရေတွင်းကျွန်းကျေးရွာဝန်းကျင်မှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၂ ရက်က မောင်တောမြို့နေ မသင်္ကာဖွယ်ရာ ဘင်္ဂါလီလူမျိုး  နူအာလောင်ဆိုသူကို  ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါဖမ်းဆီးရမိသူ ဘင်္ဂါလီ ၄ ဦးကို တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့မရဲစခန်းနဲ့ အင်းဒင်ရဲစခန်းကို  လွှဲပြောင်းအပ်နှံထားတယ်လို့ မြဝတီသတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မောင်တော နယ်ခြားစောင့်ရဲကင်းစခန်းတွေ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားသူပေါင်း ရာနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013