DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များရှိနေဟု သမ္မတ ပြောကြား
DVB
·
November 7, 2016
ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်များရှိနေဟု သမ္မတ ပြောကြား
1 / 13
Donate to DVB

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ခေတ်မီဖွံ့ဖြိုးရေးအတွက် စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကရင်တိုင်းရင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၇ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာဖြစ်ပြီး တချိန်က တိုက်ပွဲတွေနဲ့ ယမ်းငွေ့ဝေခဲ့တဲ့ ကရင်ပြည်နယ်ဟာ မကြာခင်ကာလမှာ စက်ရုံ၊ အလုပ်ရုံတွေနဲ့  စည်ပင်လာတော့မယ်လို့ သမ္မတက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ကာလရှည်ကြာစွာ ဖြတ်သန်းခဲ့ကြရတယ်၊ အချင်းချင်း ယုံကြည်မှု အားနည်းခဲ့ကြပြီး လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ခဲ့ရလို့ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့တယ်၊ စစ်ဘေးစစ်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေသာမက နှစ်ပေါင်းများစွာအတွင်း မျိုးဆက်အလိုက် လူငယ်တွေရဲ့ အနာဂတ်တွေ ဆုံးရှုံးခဲ့ရတာ ပိုပြီး ဝမ်းနည်းဖွယ်ရာအတိ ဖြစ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

ခုအချိန်မှာ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်လာတာကြောင့် ပြည်နယ်သူ ပြည်နယ်သားတွေအနေနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ရရှိခံစားနေကြရပြီဖြစ်သလို ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်တွေ ရရှိနေပြီလို့လည်း သမ္မတက သူ့ရဲ့သ၀ဏ်လွှာမှာ ပြောကြားထားပါတယ်။

၁၉၅၅ ခုနှစ်က စတင်ပြီး နိုဝင်ဘာ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွေကို နှစ်စဉ်ကျင်းပခဲ့တာ အခုနှစ်မှာ ၆၁ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတွေကို ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာ ရိုးရာအစဉ်အလာမပျက် ဒုံးယိမ်းအကပြိုင်ပွဲ၊ လှေလှော်ပြိုင်ပွဲတွေနဲ့ ငြိမ်းချမ်းရေးပြခန်းတွေ ဖွင့်လှစ်ကျင်းပသလို နိုင်ငံတဝန်းလုံးမှာ ပျံ့နှံ့နေထိုင်ကြတဲ့ ကရင်တိုင်းရင်းသားတွေကလည်း သက်ဆိုင်ရာ ဒေသအသီးသီးမှာ အထိမ်းအမှတ်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013