DVB Logo
Home
မြန်မာသတင်း
ဝန်းသိုမြို့နယ်တွင် တရားမဝင် တမလန်းသစ်များ တင်လာသည့်ကား ဖမ်းမိ
DVB
·
November 6, 2016
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် ၅ မိုင်မှာ တရားမဝင် တမလန်းသစ်တွေ တင်ဆောင်လာတဲ့ မတ်တူးကားတစီးကို နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးမိခဲ့ကြောင်း ဝန်းသိုမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်သက်က ပြောပါတယ်။

သတင်းအရ ဝန်းသိုမြို့မရဲစခန်းမှူး ဦးဆောင်ပြီး သက်သေတွေနဲ့အတူ ဝန်းသိုမြို့နယ် ၅ မိုင်မှာ ပင်လယ်ဘူးဘက်ကနေ မောင်းနှင်လာတဲ့ မတ်တူးအမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေဖို့ တားဆီးရာ အစစ်ဆေးမခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ သင်တောရွာအနီး တံတားအမှတ် (၃/၆) မှာ ကားရပ်ပြီး ယာဉ်ပေါ်လိုက်ပါလာသူတွေ ထွက်ပြေးသွားလို့ ယာဉ်ကို ရှာဖွေရာ ကာလတန်ဖိုး ကျပ် ၈၄၀၀၀ လောက် တန်ဖိုးရှိ တမလန်းသစ်ခွဲသားဆိုဒ်စုံ ၃၁ ချောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်ပေါ်လိုက်ပါလာသူတွေကို လိုက်လံဖမ်းဆီးရာ ကျော်သူရ၊ လှိုင်မြင့်၊ မခင်မာဌေးတို့အား ဆိုင်ကယ် ၂ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း စန်းဇော်နဲ့ သစ်ပိုင်ရှင် ဝင်းဇော်တို့မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါတယ်။

တရားမ၀င်တမလန်းသစ်တွေ သယ်ဆောင်လာသူတွေကို ဝန်းသိုမြို့မရဲစခန်းမှ (ပ)၁၁၉/၂၀၁၆ ပြည်သူပိုင် ၆(၁) နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013