DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ၅ နှစ်အတွင်း ဂျပန်ယန်း ၈၀၀ ဘီလီယံ သုံးပြီး ပူးပေါင်းလုပ်ဆောင်မည်
DVB
·
November 6, 2016
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး ၅ နှစ်အတွင်း ဂျပန်ယန်း ၈၀၀ ဘီလီယံ သုံးပြီး ပူးပေါင်းလုပ်ဆောင်မည်
Donate to DVB

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရရဲ့ အထောက်အပံ့နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းပြီး ၅ နှစ်အတွင်း ဂျပန်ယန်းငွေ ၈၀၀ ဘီလီယံ ပမာဏနဲ့  ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်သွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

“ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း” (Japan Myanmar Cooperation Programmes)နဲ့ အကောင်အထည်ဖော် လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ချစ်ကြည်ရေးခရီးစဉ်အပြီး နိုဝင်ဘာ ၅ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ယိုရှီဟိဒဲစူးဂါးက ဒေါ်စုရဲ့ ဂျပန်ခရီးစဉ်အတွင်း အကျိုးရလဒ် ၃ခု ရှိတယ်လို့ ပြောခဲ့ကြောင်းလည်း ကြေညာချက်ထဲ ဖော်ပြပါတယ်။

ပထမအချက်မှာ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအစိုးရသစ်အား အကူအညီပေးရန် ကတိကဝတ်များ ပြုနိုင်ခဲ့ခြင်း ဖြစ်တယ်။

ဒုတိယအချက်မှာ ဝန်ကြီးချုပ် မစ္စတာအာဘေးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အကြား အနာဂတ်မျိုးဆက်သစ်များ ကူးလူးဆက်ဆံမှုမြှင့်တင်ရေးကို အကောင်အထည်ဖော်ရန် အမြင်ချင်း ဖလှယ်နိုင်ခဲ့ခြင်းဖြစ်ပြီး တတိယအချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဂျပန်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  ဂျပန်ဧကရာဇ် အာကီဟီတိုနှင့် မိဖုရား မီချီကိုတို့အား တိုကျိုမြို့ရှိ ဂျပန်ဘုရင့်နန်းတော်၌ သွားရောက်တွေ့ဆုံခဲ့တယ်လို့လည်း ကြေညာချက်ထဲ ဖော်ပြခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်စခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ချစ်ကြည်ရေးခရီးဟာ နိုဝင်ဘာ ၅ ရက်မှာ အဆုံးသတ်ခဲ့ပြီး မနေ့ညနေ ၄ နာရီက ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013