DVB Logo
Home
မြန်မာသတင်း
ရခိုင်လူငယ်ညီလာခံ ကျင်းပနိုင်ရေး အကြိုညီလာခံ ကျင်းပမည်
DVB
·
November 6, 2016
Donate to DVB

ရခိုင်လူငယ် ညီလာခံကျင်းပဖို့အတွက် အကြိုညီလာခံတရပ်ကို လာမယ့်ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ရခိုင်ပြည်နယ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

အကြိုညီလာခံနဲ့ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့က Jasmine Palace ဟိုတယ်မှာ နိုဝင်ဘာလ ၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရခိုင်လူငယ်အကြိုညီလာခံ ဒီဇင်ဘာလ ၂၅ ရက်နေ့ကနေ ၂၉ရက်နေ့အထိ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ပြုလုပ်သွားမှာပါ။

အကြိုညီလာခံအတွက် ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး အစပြုကော်မတီက ၂၀၁၆ နှစ်ဆန်းပိုင်းထဲက ရခိုင်ပြည်နယ်တခုလုံးမှာ လိုက်လံစည်းရုံးခဲ့ပါတယ်။

အဲဒီနောက် အကြိုညီလာခံ တက်ရောက်ဖို့အတွက် တမြို့နယ်ကို လူငယ်ကိုယ်စားလှယ် ၅ ဦးစီကို လူငယ်တွေ ဆန္ဒပြု ရွေးချယ်ခိုင်းခဲ့ပါတယ်။

ဒီဇင်ဘာလမှာ ကျင်းပမယ့် အကြိုညီလာခံကို ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုက လူငယ် ၁၀၀ နီးပါး တက်ရောက်သွားမယ်လို့ ရခိုင်လူငယ်ညီလာခံ ဖြစ်မြောက်ရေး အစပြုကော်မတီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013