DVB Logo
Home
မြန်မာသတင်း
စိတ်ဖောက်ပြန်သည့် ဖခင်ကြောင့် ကလေး ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
November 6, 2016
စိတ်ဖောက်ပြန်သည့် ဖခင်ကြောင့် ကလေး ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ စိတ်ဖောက်ပြန်နေတဲ့ ဖခင်ရင်းဖြစ်သူက သားသမီးတွေကို ဓားနဲ့ခုတ်သတ်လို့ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြည်နယ်ဒုရဲမှူးကြီး အောင်မြတ်မိုးက နိုဝင်ဘာ ၅ ရက်ညပိုင်းက လားရှိုးမြို့ ရပ်ကွက် ၅ နယ်မြေ ၄ မှာ ဓားခုတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီသူဟာ စိတ်ဖောက်ပြန်နေတယ်လို့ ပြောပါတယ်။

“မနေ့ည ၁၀ နာရီကျော်လောက်က ဖြစ်တာ။ ဒီလူက အကြမ်းဖျင်း သိရှိရတဲ့အနေအထားက စိတ်မမှန်ဘူး၊ တလ တကြိမ်နှစ်ကြိမ်လောက် စိတ်ဖောက်ပြန်တာ ရှိတယ်။ မူးဟစ်ဆေးဝါး သုံး မသုံးကတော့ ဆီးစစ်နေတာ လုပ်နေတုန်း။ သူ့ အမျိုးသမီးကို စ ခုတ်တာ၊ သူ့အမျိုးသမီး အိမ်ရှေ့ထွက်ပြေးသွားပြီး သူ့အဖေအိမ်မှာ သွား အကူအညီတောင်းတယ်၊ ကလေးတွေ အိမ်မှာ အိပ်နေရင်း ကျန်ခဲ့တဲ့အချိန်မှာ ဓားနဲ့ လည်ပင်းလှီးတာ၊ နောက်ဆုံးကျတော့ သူ့ လည်ပင်း သူ လှီးတယ်။”

အသက် ၄ နှစ်နဲ့ ၅ နှစ်အရွယ် သားယောက်ျးလေး ၂ ဦး သေဆုံးခဲ့ပြီး အသက် ၉ လအရွယ် ကလေးငယ်တဦး အပါအ၀င် ကျန် ကလေး ၂ ဦး ဒဏ်ရာ အသီးသီး ရရှိခဲ့ကြပါတယ်။

ပြစ်မှုကျုးလွန်သူ အိုက်ကျံး ခေါ် အိုက်ကျွမ်းကို ဆေးရုံအချုပ်နဲ့ထားပြီး လားရှိုးရဲစခန်းမှာ လူသတ်မှုပုဒ်မ(၃၀၂)၊ သေကြောင်းကြံစည်မှု၊ သေစေအောင်နာကျင်စေမှုတို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013