DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့သစ်စီမံကိန်း ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်မည်
DVB
·
November 6, 2016
Donate to DVB

အစိုးရသစ်လက်ထက်မှာ ရန်ကုန် မြို့သစ်စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်သွားမယ်လို့ မြို့တော်ဝန်ဒေါက်တာမောင်မောင်စိုးက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ကပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက မြို့သစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ဖို့ ရှိ၊ မရှိ မေးခွန်းမေးမြန်းတာကို ဖြေကြားရင်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ပင်လယ်ဆိပ်ကမ်းအစီအစဉ်တွေ အကောင်အထည်ပေါ်လာခဲ့လို့ရှိရင် ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်တဖက်ကမ်း နေရာတွေဟာ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ဆက်စပ်ဇုန်နေရာတွေမှာ ပြည်တွင်း ပြည်ပ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ သွားလာလွယ်ကူနိုင်တဲ့ မဟာဗျုဟာမြောက် မြေဧရိယာများအဖြစ် တည်ရှိလာမှာမို့ အလွန်လျင်မြန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်လာဖို့ အလားအလာရှိတဲ့ စီမံကိန်းမြေနေရာလည်း ဖြစ်ပါတယ်။”

အခု အစိုးရသစ်လက်ထက်မှာ အဲဒီ မြို့သစ်စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်သွားမယ့်အပြင် အဲဒီမြို့နယ်တွေ ဆက်စပ်တည်ရှိတဲ့ ရန်ကုန်မြစ်ဝမှာ အပန်းဖြေ ရေနက်ဆိပ်ကမ်းတခုကိုပါ တည်ဆောက်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။

အပန်းဖြေ ရေနက်ဆိပ်ကမ်းကို တည်ဆောက်မယ့် ရည်ရွယ်ချက်ဟာ နိုင်ငံတကာခရီးသွားတွေအတွက် အပန်းဖြေစရာနေရာ ဖန်တီးပေးတာ ဖြစ်တဲ့အပြင် ရန်ကုန်မြစ်ကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပိုမိုအဆင်ပြေချောမွေ့စေဖို့ ဖြစ်ပါတယ်။

မြေဧရိယာဧက ၃၀၀၀၀ ကျော်ရှိတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အသေးစိတ် ပြင်ဆင်ရေးဆွဲနေပြီး စီမံကိန်းမှာ မြစ်ကူးတံတားတွေ သောင်းနဲ့ချီတဲ့ တိုက်ခန်းတွေ အထူးစီးပွားရေးဇုန်တွေ ပါဝင်ပါတယ်။

အရင်အစိုးရလက်ထက်ကတည်းက  တွံတေး၊ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်သုံးခုရဲ့ ဧရိယာမှာ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး လုပ်ငန်းစတင်ရာမှာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ အပြင်းအထန်ဝေဖန်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013