DVB Logo
Home
မြန်မာသတင်း
ပေါက်တောမြို့တွင် ၅ နှစ်အရွယ် ကလေးငယ် မုဒိမ်းကျင့်ခံရ၊ အခြေအနေ စိုးရိမ်နေရ
DVB
·
November 6, 2016
ပေါက်တောမြို့တွင် ၅ နှစ်အရွယ် ကလေးငယ် မုဒိမ်းကျင့်ခံရ၊ အခြေအနေ စိုးရိမ်နေရ
Donate to DVB

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ အရှေ့ဘက်ရပ်ကွက်၊ အိုးအိမ်အဆောက်အဦ ဆောက်လုပ်နေတဲ့ နေရာမှာ အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ မုဒိမ်းကျင့်ခံရတယ်လို့ မိခင်ဖြစ်သူက ပြောပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်က ကလေးငယ်ကို အမည်မသိလူက မုဒိမ်းကျင့်ပြီး ခန္ဓာကိုယ်ကို စောင်ပတ်ပြီး ပစ်ထားခဲ့တာလို့ ပြောပါတယ်။

ဆရာဝန်တွေရဲ့ စစ်ဆေးအချက်အရ မုဒိမ်းကျင့်ခံတာဖြစ်ကြောင်း မိခင်ဖြစ်သူ ဒေါ်မရွှေသန်းက ဒီဗွီဘီကို ပြောပါတယ်။

“ညနေ ၄ နာရီအချိန်မှာ သမီးပျောက်နေတယ်ဆို လိုက်ရှာတယ်။ လိုက်ရှာတော့ မတွေ့ဘူး။ အဲ့ဒါနဲ့ အနားက အမျိုးသမီးတယောက်က ဟိုဘက်နားမှာ ကလေးတယောက် ငိုသံကြားတယ်လို့ လာပြောတယ်။ လိုက်သွားလိုက်တော့ ဟိုဘက်နားအစွန်းက ချုံထဲမှာ ကျမသမီးလေးကို စောင်ပတ်ပြီးတော့ လွှင့်ပစ်ထားတယ်။ စောင်ကို လှန်ကြည့်လိုက်တော့ သမီးရဲ့အင်္ဂါက သွေးတွေ တအားကျနေတာ တွေ့တယ်။ တကိုယ်လုံးလည်း တုန်တုန်ရီရီနဲ့ ဘာမှ မပြောနိုင်တော့ဘူး။ အဲဒါနဲ့ ဆေးရုံကို အမြန်ပြေးတယ်။ ဆေးရုံ ဆရာဝန်တွေကလည်း မုဒိမ်းကျင့်ခံရတယ်လို့ ကျမကို ပြောပါတယ်။ ဒဏ်ရာ အရမ်းပြင်းတယ်။ ဒီမှာ ကုလို့ရမှာမဟုတ်ဘူး။ စစ်တွေ သွားရမယ်လို့ ဆရာဝန်က ပြောတယ်။”

ကလေးရဲ့အခြေအနေမှာ စိုးရိမ်ရပြီး စစ်တွေမြို့ကို အမြန်ဆုံး သွားရောက်ကုသဖို့ စီစဉ်နေတယ်လို့ ပေါက်တောဆေးရုံက ဒေါက်တာဒေါ်တင့်တင့်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

“ကလေးငယ်ရဲ့အခြေအနေကြောင့် စစ်တွေကို လွှဲဖို့ လုပ်နေတယ်။ အခြေအနေကတော့ စိုးရိမ်ရပါတယ်။ သွေးတွေကတော့ တအားထွက်တော့။ ကျမတို့အနေနဲ့ ဒီထက်ပြောလို့ မရဘူးရှင့်။ ဒီအခုကိစ္စနဲ့ပတ်သက်လို့ ကျမတို့အနေနဲ့ ပြောခွင့်မရှိပါဘူးရှင့်။ ဒီလောက်ပဲ ပြောလို့ရပါမယ်” လို့ ပြောပါတယ်။

ကလေးမလေးရဲ့ အမှုကိစ္စနဲ့ပတ်သက်လို့ မသင်္ကာတဲ့လူ ၁၀ ယောက်ကျော်လောက် ရဲစခန်းမှာ ခေါ်မေးမြန်းတာတွေ စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ပေါက်တော မြို့မရဲစခန်းမှ ရဲအုပ်ဦးသန်းဌေးက ဒီဗွီဘီကို ပြောပါတယ်။

“ဖြစ်တာက ဒီနေ့ ဖြစ်တာပါ။ ညနေ ၄ နာရီလို့လောက်လို့ ခန့်မှန်းပါတယ်။ ကျနော်တို့ ရဲစခန်းမြောက်ဘက် ၁ မိုင်လောက်အကွာမှာ အဲဒီမှာ အိုးအိမ်အဆောက်အဦ ဆောက်လုပ်နေတဲ့နေရာမှာပါ ခင်ဗျ။ အရှေ့ဘက်ရပ်ကွက်မှာပါ။ အဲဒီအမှုနဲ့ ပတ်သက်ပြီးတော့ အဲဒီအနားက မသင်္ကာတဲ့လူ ၁၀ ယောက်ကျော်လောက်ကို ခေါ်ယူမေးမြန်းမှုတွေ လုပ်နေပါတယ်။ တရားခံကို မဖမ်းမိသေးဘူး။ ကလေးမကိုတော့ ဘာမှမေးမြန်းလို့ မရသေးဘူး။ အသက်ကလည်း ၅ နှစ်ပဲ ရှိသေးတယ် ဆိုတော့၊ မေ့မြောပြီး တုန်တုန်ရီရီ ဖြစ်နေတယ်။ အရမ်းပန်းနေတဲ့သဘောပေါ့။ ကလေးငယ်ဟာ အသက်ငယ်တာကြောင့် မေ့ဆေးပေးပြီး ချုပ်ရမယ် ဖြစ်တာကြောင့် စစ်တွေဆေးရုံကို လွှဲပေးရမယ်လို့ ဆရာဝန်တွေက ပြောတယ်။”

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013