DVB Logo
Home
မြန်မာသတင်း
မော်လူးဒေသတွင် တရားမဝင် သစ်စက် ၁ လုံး ပိုင်ရှင်နှင့်အတူဖမ်းဆီးရမိ
DVB
·
November 5, 2016
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသမှာ တရားမဝင်သစ်စက် ၁ လုံးကို ပိုင်ရှင်နဲ့အတူ နိုဝင်ဘာ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီအချိန် အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ ဟာ သက်သေတွေနဲ့အတူ မော်လူးကျေးရွာ အရှေ့ဘက် ၄ မိုင်ခန့်က သစ်တောကြိုးဝိုင်းအတွင်း တရားမဝင် သစ်စက်လုပ်ကိုင်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

မော်လူးကျေးရွာ အုပ်စု အုန်းဒုတ်ကျေးရွာနေ မနွယ်နဲ့အတူ ဇူလင်း ၂၅ ကောင်အင်ဂျင် ၁ လုံး၊ ၃ ပေ လွှဝိုင်း ၁ ခု၊ အချင်း ၂ လက်မ အရှည် ၅ ပေ ဝင်ရိုး ၁ ခု၊ အရှည် ၃ ပေရှိ ဒလိမ့်တုံး ၂ ခု၊ ၃၈ ပေခန့်ရှိ ပတ္တားကြိုး ၁ ချောင်း၊ ကျွန်းသစ် ၁၃ လုံး (၀ ဒသမ ၈၂၂) တန် ကာလတန်ဖိုး ၁၄၅၇၆၀ ကျပ်ခန့် တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

တရားမဝင် သစ်စက်လုပ်ငန်းလုပ်ကိုင်သူ မနွယ် (ခ) မစန်းစန်းနွယ်ကို မော်လူး နယ်မြေရဲစခန်းက (ပ)၆၁/၂၀၁၆၊ ပြည်သူပိုင် ၆(၁) နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပေးပို့-ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013