DVB Logo
Home
မြန်မာသတင်း
အမေနဲ့ တွေ့ခွင်ရတဲ့ ခဏတာ (ရုပ်သံ)
DVB
·
November 5, 2016
အမေနဲ့ တွေ့ခွင်ရတဲ့ ခဏတာ (ရုပ်သံ)
Donate to DVB

“အမေစု ကျန်းမာပါစေ- အမေစု ကျန်းမာပါစေ- အမေစု ကျန်းမာပါစေ။” “အမေ ရင်ထဲမှာ အမြဲရှိပါတယ်အမေ၊ အမေ သားတို့ မနက်အစောကြီးကတည်းက အမေ့ကို စောင့်နေတာပါ အမေ။”

ဒါကတော့ ဂျပန်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ဂျပန်ရောက် မြန်မာကျောင်းသား ကျောင်းသူတွေရဲ့ ဆုတောင်းစကားတွေဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က လွင်မိုးအောင်ဆိုတဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတဦး တင်ထားတဲ့ “အမေနဲ့ တွေ့ခွင့်ရတဲ့ ခဏတာ” ဆိုပြီး အမည်ပေးထားတဲ့ ရုပ်သံဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိုတိုမြို့တက္ကသိုလ် Inamori Center ကနေ ထွက်လာတဲ့အချိန်မှာ အပြင်က စောင့်ဆိုင်းနေကြတဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကျောင်းသားတွေက “အမေစု ကျန်းမာပါစေ- အမေစု ကျန်းမာပါစေ-အမေစု ကျန်းမာပါစေ” လို့ ၀ိုင်းပြီး ဆုတောင်းပေးနေတာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေဆိုပြီး ဆုတောင်းပေးတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ညီညီညွတ်ညွတ်နေကြဖို့၊ ရန်မဖြစ်ကြဖို့ မှာကြားခဲ့တာ တွေ့ရပါတယ်။

ကျောင်းသားတဦးက အမေစုနဲ့တွေ့ဖို့ မနက်အစောကြီးကတည်းက စောင့်နေကြောင်း ပြောကြားခဲ့သလို ကျောင်းသူတဦးကလည်း အမေစုနဲ့ ဓာတ်ပုံတွဲရိုက်ချင်တယ်လို့ပြောကြားတာကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ခံပြီး ကျောင်းသားတွေနဲ့ ဓာတ်ပုံ အတူတွဲရိုက်ခဲ့ပါတယ်။

ရုပ်သံ - လွင်မိုးအောင်

ရုပ်သံဖိုင် အပြည့်စုံ ကြည့်ရှုရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013