DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးအပါအ၀င် မသင်္ကာဖွယ်ဘင်္ဂါလီ ၁၅ ဦးဖမ်းမိ
DVB
·
November 4, 2016
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦးအပါအ၀င် မသင်္ကာဖွယ်ဘင်္ဂါလီ ၁၅ ဦးဖမ်းမိ
Donate to DVB

 

အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့ တောင်မြို့နယ်ထဲမှာ  မသင်္ကာဖွယ်ဘင်္ဂါလီလူမျိုးတွေကိုထပ်မံဖမ်းဆီးရမိတယ်လို့ တပ်မတော်ပိုင် မြ၀တီသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နိုဝင်ဘာ ၂ ရက် ညက  ရသေ့တောင်မြို့နယ်၊ ဒုံပိုက်ကျေးရွာနား ပုဒ်မ-၁၄၄ ထုတ်ပြန်ထားတဲ့ ဧရိယာမှာ တပ်မတော်စစ်ကြောင်းတွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေနဲ့အတူ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် မောင်တင်ရွှေအမည်ရှိ မသင်္ကာဖွယ် ငါးဖမ်းစက်လှေ ၁စင်းကို တွေ့ရှိစစ်ဆေးခဲ့ရာမှာ မသင်္ကာဖွယ်ရာ ဘင်္ဂလီလူမျိုး ၈ ဦးကိုဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်

အဆိုပါ ဖမ်းဆီးရမိထားသူတွေကို အရေးယူနိုင်ဖို့ အင်းဒင်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံထားတယ်လို့သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၃ရက်မနက်ကလည်း မောင်တောမြို့နယ်၊ ပြောင်ပိုက်ကျေးရွာနား တောတွင်းတနေရာမှာ  မသင်္ကာဖွယ် ဘင်္ဂါလီလူမျိုး ၄ ယောက်ကို ဖမ်းဆီးရမိခဲ့လို့  ကြိမ်ချောင်းနယ်မြေရဲစခန်းမှာ လွှဲပြောင်းအပ်နှံခဲ့တယ်လို့လည်း ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၂ ရက် ညနေက မောင်တောမြို့နယ် မင်္ဂလာကြီးချောင်းနဲ့ ပြင်ဖြူချောင်းအကြားမှာ  တပ်မတော်(ရေ)က မသင်္ကာဖွယ်လှေတစ်စင်းကို တွေ့ရှိစစ်ဆေး   ခဲ့ရာမှာ မြန်မာ့ရေပိုင်နက်အတွင်း တရားမ၀င် ၀င်ရောက်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂါလီလူမျိုး ၃ ဦးကိုဖမ်းဆီးရမိခဲ့လို့ မောင်တောမြို့မရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ မြ၀တီသတင်းမှာဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013