DVB Logo
Home
မြန်မာသတင်း
ဦးမျိုးရန်နောင်သိန်းကို တရားစွဲ ရုံးထုတ်ရမန်ယူ
DVB
·
November 4, 2016
ဦးမျိုးရန်နောင်သိန်းကို တရားစွဲ ရုံးထုတ်ရမန်ယူ
Donate to DVB

မနေ့ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြို့နယ်တရားရုံးမှာ ရုံးထုတ် ရမန်ယူခဲ့ပါတယ်။

ဦးမျိုးရန်နောင်သိန်းကို လွန်ခဲ့တဲ့ အောက်တိုဘာ ၁၄ က သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ကို ဝေဖန်ရေးသားခဲ့တဲ့အတွက် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခဲ့တာပါ။

သူ့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီးလင်းထွန်းက တရားလိုလုပ်တရား စွဲဆိုခဲ့တာဖြစ်ပြီး ဒီနေ့ရုံးထုတ်ယမန်ယူကာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့ ပြန်လည်ချိန်းဆိုထားပါတယ်။

ဦးမျိုးရန်နောင်သိန်းရဲ့ မိတ်ဆွေ ဦးနေမိုးအောင်က “လှိုင်မြို့နယ်တရားရုံးမှာ ဒီနေ့ ရမန်ယူ တာပေါ့နော်။ ရမန်တပတ်ချိန်းလိုက်တယ်။ လာမယ့် ၉ ရက်နေ့အထိ ရမန်တပတ်ချိန်း လိုက်ပါတယ်” လို့ပြောပါတယ်။
လတ်တလောမှာ ဦးမျိုးရန်နောင်သိန်းကို လှိုင်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။

ဦးမျိုးရန်နောင်သိန်းကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားချက်နဲ့ပတ်သက်လို့ အရေးယူခံရမှုအပေါ် သူ့အနေနဲ့ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်အရသာ ဝေဖန်ထောက်ပြတာ ဖြစ်ကြောင်း ရုံးထုတ်ချိန်မှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန လမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းကို မနေ့က ယုဇနဟိုတယ် စားသောက်ခန်းမမှာ ကော်ဖီသောက်နေတုန်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013