DVB Logo
Home
မြန်မာသတင်း
နိုင်ငံအတွက် ကောင်းကျိုးသယ်လာကြရန် ပညာတော်သင်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား
DVB
·
November 4, 2016
နိုင်ငံအတွက် ကောင်းကျိုးသယ်လာကြရန် ပညာတော်သင်များကို ဒေါ်အောင်ဆန်းစုကြည် မှာကြား
1 / 8
Donate to DVB

နိုင်ငံရပ်ခြား ပညာတော်သင် မြန်မာလူငယ်တွေအနေနဲ့ အခွင့်အလမ်းရတုန်း နိုင်ငံအတွက် ကောင်းကျိုးတွေပေးမယ့် အတွေ့အကြုံတွေ ယူဆောင်လာကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျိုတိုတက္ကသိုလ်က နိုဝင်ဘာလ ၃ ရက်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းမှုအပြီး မြန်မာ ပညာတော်သင်တွေ အပါအ၀င် နိုင်ငံတကာ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ ပညာတော်သင် လူငယ်တွေ အများကြီး စေလွှတ်မယ်၊ အဓိက ကိုယ်မြန်မာပြည်က လာတယ်ဆိုတာ ရဲရဲဝံ့ဝံ့ ဂုဏ်ယူပြီး ပြောနိုင်ဖို့၊ ကိုယ့်ရဲ့ အားနည်းတဲ့စနစ်ကိုလည်း အမှန်အတိုင်း သိရှိလက်ခံပြီး ဒါကို လက်ညှိုးထိုး အပြစ်တင်စရာပဲ မလုပ်ဖို့နဲ့ နိုင်ငံရပ်ခြားမှာ အခွင့်အလမ်းတွေရတုန်း အမိအရယူပြီး တိုင်းပြည်အတွက် ကောင်းကျိုးတွေကို သယ်ဆောင်ပေးခဲ့စေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပညာတော်သင် မြန်မာလူငယ်တွေကို မှာကြားခဲ့တယ်လို့ ဒီပွဲကို တက်ခဲ့တဲ့ မအေးနန္ဒာဝင်းက ပြောကြားပါတယ်။

အဲဒီ့နေ့ကပွဲမှာ မြန်မာပညာတော်သင် ၈ ယောက် အပါအ၀င် နိုင်ငံတကာ ကျောင်းသား ၆၀ တက်ရောက်ပြီး ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မြန်မာကျောင်းသားတွေအနေနဲ့ ဒီကျောင်းမှာ ပညာသင်ဆုရခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ပေးအပ်ပွဲတက်ရောက်ဖို့ ဖိတ်ကြားခံရတာ၊ တွေ့ဆုံဆွေးနွေးခွင့်ရတာတွေကို ဂုဏ်ယူမိတယ်လို့လည်း အဲဒီ့မှာ ဆေးပညာပါရဂူ တက်နေတဲ့ ဦးသက်ကိုဝင်းက ပြောပါတယ်။

ကျိုတိုတက္ကသိုလ်မှာ အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သုတေသနစာတမ်း ပြုစုသွားခဲ့ဖူးပြီး အခုလက်ရှိမှာတော့ ကျိုတိုတက္ကသိုလ်မှာ မြန်မာကျောင်းသား ၄၀ နီးပါး ရှိနေပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013