DVB Logo
Home
မြန်မာသတင်း
ဟားခါးတွင် ထမင်းပေါင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်၊ လူ ၁ ဦးသေဆုံး
DVB
·
November 4, 2016
ဟားခါးတွင် ထမင်းပေါင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်၊ လူ ၁ ဦးသေဆုံး
1 / 5
Donate to DVB

ချင်းပြည်နယ် ဟားခါးမြို့ ဈေးသစ်ရပ်ကွက် ခိုင်ကမ်း အားကစားကွင်းအောက်ဘက်မှာ နိုဝင်ဘာ ၄ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က သိပ်မိုး ပျဉ်ခင်းပျဉ်ကာ ၂ ထပ် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။

သက်ဆိုင်ရာရဲ့စစ်ဆေးချက်တွေအရ ထမင်းပေါင်းအိုးအပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

နေအိမ်မီးလောင်မှုကြောင့် အိပ်ပျော်နေတဲ့ အိမ်ရှင်ဖြစ်သူ အသက် ၄၈ နှစ်အရွယ် ဦးကျုံအုပ် (အထက ၃ အထွေထွေလုပ်သား) မီးလောင်သေဆုံးသွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၂ စီး ရေသယ်ယာဉ် ၂ စီးတို့နဲ့ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့လို့ အခြားနေအိမ်တွေကို ကူးစက်မှုမရှိခဲ့ပါဘူး။

မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ၁၅၀၀၀၀ ခန့်ဆုံးရှုံးသွားတယ်လို့ မီးသတ်ဌာနရဲ့ တွက်ချက်မှုအရ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ဟားခါးမြို့နယ်ရဲစခန်းမှ (ပ)၄၅/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၂၈၅ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေကြောင်း ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှ မြို့နယ်မှုး ရဲမှူး ကြည်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။
သတင်း-အောင်ကိုလတ်၊ ဓာတ်ပုံ-မင်ကျုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013