DVB Logo
Home
မြန်မာသတင်း
ဖားကန့်ကျောက်မျက်ကုမ္ပဏီ မီးလောင်မှု လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရဟု ဆို
DVB
·
November 4, 2016
ဖားကန့်ကျောက်မျက်ကုမ္ပဏီ မီးလောင်မှု လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရဟု ဆို
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီဝင်းအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုဟာ လက်လုပ်မိုင်းနဲ့ ပစ်ပေါက်တိုက်ခိုက်ခံရ တာကြောင့်ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီကျော်လောက်က ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီ ၀င်းအတွင်းကို လက်နက်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ ကချင်တိုင်းရင်းသား ၅၀လောက်က ဆိုင်ကယ် ၂၅ စီးနဲ့ ရောက်လာပြီး လက်လုပ်မိုင်း ၁၇ လုံးနဲ့ ပစ်ပေါက်ခဲ့ရာမှာ ၈ လုံးပေါက်ကွဲပြီး မီးလောင်သွားခဲ့တာလို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် ကုမ္ပဏီပိုင် ကားတွေ၊ စက်ရန္တာယားအပိုပစ္စည်းတွေ၊ ကားတာယာ တွေနဲ့ လောင်စာဆီတွေအပါအ၀င် အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။

စစ်တပ်အာဘော်မြ၀တီသတင်းမှာတော့ ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး ကေအိုင်အေ လက်နက်ကိုင် အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တာလို့ စွပ်စွဲဖော်ပြထားပါတယ်။

အရပ်ဝတ်ဝတ်ဆင်ထားတဲ့ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့က အင်အား ၂၀ ခန့်က ကုမ္ပဏီဂိတ်စောင့်ဝန်ထမ်းကို ပစ္စတိုနဲ့ ချိန်ရွယ်ကာ ကုမ္ပဏီရုံးခန်းကိုဝင်ရောက်လာပြီးနောက် ရုံးမှန်တံခါးနဲ့ မျက်နှာကြက်တွေကို ရိုက်ခွဲဖျက်ဆီးကာ ဓာတ်ဆီနဲ့ပက် ဒေသန္တရ လက်လုပ်မိုင်းတွေနဲ့ ပစ်ပေါက်မီးရှို့ဖျက်ဆီးခဲ့တာလို့ ရေးသားဖော်ပြပါတယ်။

မီးလောင်မှုကြောင့် ယန္တရား အပိုပစ္စည်းထားတဲ့ ဂိုဒေါင် ၁ လုံး၊ အလုပ်သမား ကြီးကြပ်ဆောင် ၁ ဆောင်၊ မော်တော်ယာဉ် ၄စီး၊ တာယာမျိုးစုံ ၂၀၀ ပျက်စီးခဲ့ပြီး လူ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့ ရတနာရောင်ခြည် ကျောက်မျက်ကုမ္ပဏီဟာ မကြာသေးခင်က တန်ချိန် ၂၀၀ ကျော်လေးတဲ့ ကျောက်စိမ်းအရိုင်းတုံးကြီး ထွက်ရှိထားတဲ့ ရတနာတောင်တန်း ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ကုမ္ပဏီဖြစ်ပြီး ခုမီးလောင်မှုကတော့ ကျောက်စိမ်းတုံးကြီးနဲ့ ဆက်စပ်မှုရှိမရှိ အသေအချာမသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013