DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ကောင်စစ်ဝန်ရုံးတွင် ကြိုတင်မဲပေးလိုသူများ ပုံစံသွားရောက်ထုတ်ယူနိုင်
DVB
·
November 4, 2016
ချင်းမိုင်ကောင်စစ်ဝန်ရုံးတွင် ကြိုတင်မဲပေးလိုသူများ ပုံစံသွားရောက်ထုတ်ယူနိုင်
Donate to DVB

 

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ချင်းမိုင်မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်း၊ နမ်၊ ဖရာအို၊ ဖရာအဲ့၊ မယ်ဟောင်ဆောင်၊ လမ်ပမ်၊ လမ်ပွန်နဲ့ ဥတ္တရာဒစ် ခရိုင်အတွင်းက အစိုးရ ခွင့်ပြုချက်နဲ့ ရောက်ရှိနေသော သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံ သားတွေ ကြိုတင်ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ-၁၅ကို မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်ကို ပေးဖို့ကြဖို့ ဖော်ပြထားထားပါတယ်။

ပြည့်စုံစွာဖြည့်စွက်ပြီး ပုံစံ-၁၅ ကို ချင်းမိုင်-မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသို့ ပြန်လည်ပေးပို့ရာမှာ မှတ်ပုံတင် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၊ နဲ့တကွ ဒီဇင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှ မှတ်ပုံတင်စာဖြစ်စေ၊ တယ်လီဖုန်းသို့မဟုတ် အီးမေးလ်နဲ့ ဖြစ်စေ ပြန်လည်ပေးပို့ဖို့ အကြောင်းကြားထားပါတယ်။

၂၀၁၇ ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးလိုကြတဲ့ နိုင်ငံခြားရောက် မြန်မာများအနေနဲ့  ကြိုတင်ဆန္ဒမဲတောင်းခံရန် ပုံစံ-၁၅အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုဒ်မှာသော် လည်းကောင်း၊ သက်ဆိုင်ရာ မြန်မာသံရုံးများမှာ သော်လည်းကောင်း နိုဝင်ဘာ ၁ ရက်ကစလို့ ရယူဖြည့်စွက်နိုင်ကြပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013