DVB Logo
Home
မြန်မာသတင်း
ဘုတ်ပြင်းမြို့နယ် ပင်လယ်ပြင်တွင် ငါးဖမ်းရေယာဉ် ၁ စီး မီးလောင်ရေနစ်မြုပ်
DVB
·
November 4, 2016
ဘုတ်ပြင်းမြို့နယ် ပင်လယ်ပြင်တွင် ငါးဖမ်းရေယာဉ် ၁ စီး မီးလောင်ရေနစ်မြုပ်
1 / 5
Donate to DVB

 

ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ သားအဖကျွန်းအနီးမှာ မနေ့က ငါးဖမ်းရေယာဉ် တစီး မီးလောင်ပြီး ရေနစ်မြုပ်ခဲ့ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်း ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ သားအဖကျွန်းအနီးမှာ ငါးဖမ်းရေယာဉ်တစီး ငါးဖမ်းနေစဉ် စက်ခန်းအတွင်းမှ စက်သုံးဆီ ယိုစိမ့်မှုကြောင့် မီးလောင်မှု ဖြစ်ပွားရာမှ ရေနစ်မြုပ်ခဲ့တယ်လို့ စစ်ရေယာဉ် အမှတ်-၅၆၅ မှ တာဝန်ရှိသူတဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အောင်လှစိန် အမည်ရှိ ငါးဖမ်းရေယာဉ်ဟာ သားအဖကျွန်းအနီးမှာ ရေလုပ်သား ၂၅ ဦးနဲ့ ငါးဖမ်းနေစဉ် ရေယာဉ်စက်ခန်းအတွင်းက စက်သုံးဆီများ ယိုစိမ့်ပြီး မီးလောင်မှု ဖြစ်ပွားရာက နစ်မြုပ်ခဲ့တာ ဖြစ်တယ်လို့ မြိတ်မြို့ကို ပြန်လည်ရောက်ရှိလာတဲ့ ရေလုပ်သားများထံက သိရပါတယ်။

ငါးဖမ်းရေယာဉ် နစ်မြုပ်မှုကို အနီးအနားက တခြား ငါးဖမ်းလှေတွေနဲ့ စစ်ရေယာဉ် အမှတ်-၅၆၅ က တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကိုဘိတ် (မြိတ်)၊ သတင်းပုံ- စစ်ရေယာဉ် အမှတ်-၅၆၅

 

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013