
မောင်တော ဝါးဘိတ်ကျေးရွာတွင် သေနတ် ၅ လက်နဲ့ ကျည်ဆန်တွေကို မနေ့က ထပ်မံတွေ့ရှိခဲ့ပါတယ်။
နိုဝင်ဘာလ ၃ ရက်နေ့ ညနေပိုင်းက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်များ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ ကျီကန်းပြင် ကျေးရွာအုပ်စု ဝါးဘိတ်ကျေးရွာအစွန် ဘင်္ဂါလီ နေအိမ်တခုရဲ့ အနောက်ဘက်မှာ မသင်္ကာဖွယ်ရာ တွေ့ရှိတဲ့အတွက် သက်သေတွေနဲ့အတူ ရှာဖွေ ရှင်းလင်းခဲ့ပါတယ်။
ဝါးဘိတ်ကျေးရွာ ဘင်္ဂါလီတဦးရဲ့ နေအိမ် အနောက်ဘက်မှာ မြေကြီးကျင်းအနက် ၁ ပေ ၆ လက်မလောက်မှာ မြေမြုပ်ပြီး သိုဝှက်ထားတဲ့ ဘီအေ-၉၄ ၄ လက်၊ အမ်အေ-၁၁ ၁ လက်၊ ဘီအေ-၉၄ ကျည်အိမ် ၃ ခု၊ အမ်အေ-၁၁ ကျည်အိမ် ၂ ခု၊ 9-MM ကျည် ၂၀ တောင့်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သတင်း - မင်းခက်ထန်











