DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှုရှိရန် ကျားဖြူပါတီ တိုက်တွန်း
DVB
·
November 3, 2016
ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှုရှိရန် ကျားဖြူပါတီ တိုက်တွန်း
Donate to DVB

 

လာမယ့်နှစ် ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၁၁ ကြိမ်မြောက် ပါတီဗဟိုကော်မတီ အစည်းအဝေးကျင်းပပြီးခုလို ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့က ဖိအားပေးမှုကြောင့် လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ဒေသခံတွေက အထောက်အထားတွေနဲ့ တင်ပြလာတဲ့အတွက် အခု လာမယ့်ရွေးကောက်ပွဲကျရင် အရင်လို ထပ်မဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်နဲ့ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေက  တာဝန်ယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ကျားဖြူပါတီအနေနဲ့ ရှမ်းပြည်နယ်တွင်း လစ်လပ်တဲ့နေရာအားလုံးမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံသွားမယ်လို့ ပါတီရဲ့ ဥပဒေထောက်ကူပြုကော်မတီခေါင်းဆောင် နန်းဝါနုက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ဗဟိုကော်မတီအစည်းအဝေးမှာ ရှမ်းပြည်နယ်တွင်းရှိ လစ်လပ်တဲ့နေရာ အကုန်လုံးကို ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။  ဆိုတော့ ကျေးသီး၊ မိုင်းရှူးနဲ့ ကျိုင်းတုံ အဲဒီမြို့နယ်တွေမှာ ပြိုင်မှာပေါ့နော်၊ ကိုယ်စားလှယ်လောင်း လျာထားတာတွေရှိပေမယ့် ထပ်ပြီး အတည်ပြု ရဦးမှာဖြစ်တယ်။”

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ လစ်လပ် မဲဆန္ဒနယ်မြေ ၁၉ နေရာရှိတဲ့အထဲ တ၀က်လောက်က ရှမ်းပြည်နယ်မှာဖြစ်ပါတယ်။

ကျားဖြူပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာပါ စုစုပေါင်း အမတ် ၅၈ နေရာ အနိုင်ရခဲ့ပေမယ့်  ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ်လွှတ်တော်အမတ် ၁ နေရာသာ အနိုင်ရခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013