DVB Logo
Home
Lead Story
နိုင်ငံတကာသံတမန်များ မောင်တောနှင့် ရသေ့တောင်မြို့နယ်တွင်းမှ ဒေသခံများနှင့် တွေ့ဆုံ
DVB
·
November 3, 2016
နိုင်ငံတကာသံတမန်များ မောင်တောနှင့် ရသေ့တောင်မြို့နယ်တွင်းမှ ဒေသခံများနှင့် တွေ့ဆုံ
1 / 5
Donate to DVB

မာင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းက ဒေသခံတွေနဲ့ သံတမန်များအဖွဲ့ တွေ့ဆုံခဲ့ကြပါတယ်။

မောင်တောမြောက်ပိုင်း မောရဝတီရွာက ရခိုင်တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ဇော်မတက် မူဆလင်ရွာမှာ တွေ့ဆုံခဲ့ပါတယ်။ အလယ်သံကျော်ရွာမှာတော့ ရခိုင်နှင့် မွတ်စလင် နှစ်ဖက်စလုံးက ရွာသားတွေကို အတူတူ မေးမြန်းကြပါတယ်။

ဒေသခံတွေကတော့ လတ်တလော သံသယတွေ ရှိနေတဲ့အတွက် ပုံမှန်လုပ်ငန်းတွေ မလုပ်နိုင်သေးတာ၊ တရွာနဲ့ တစာ ကူးလူးဆက်ဆံဖို့ အခက်အခဲဖြစ်နေတာ စတဲ့ကိစ္စတွေကို တင်ပြကြတယ်လို့ မောရဝတီနဲ့ ဇော်မတက်ရွာက ဒေသခံတွေက ပြောပါတယ်။

သံတမန်အဖွဲ့ဟာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နယ်မြေစခန်းနဲ့ ကိုးတန်ကောက်ရွာက ရခိုင်နဲ့ မူဆလင်ရွာသားတွေနဲ့ တွေ့ဆုံပြီး နှစ်ရက်တာ ခရီးစဉ်ပြီးဆုံးမှာပါ။
သတင်း၊ ဓာတ်ပုံ-ကိုအောင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013