DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ခရိုင် ၃ ခုတွင် တညတည်း ၁၀ နေရာ ဗုံးကွဲ၊ ၃ ဦးသေဆုံး
DVB
·
November 3, 2016
ထိုင်းတောင်ပိုင်း ခရိုင် ၃ ခုတွင် တညတည်း ၁၀ နေရာ ဗုံးကွဲ၊ ၃ ဦးသေဆုံး
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တနီ၊ ဆုန်ခလာနဲ့ နရာသီဝပ်ခရိုင်တွေမှာ နိုဝင်ဘာ ၂ ရက်နေ့ညက နေရာ ၁၀ ခုမှာ ဗုံးပေါက်ကွဲမှု၊ သေနတ်ပစ်ခံရမှုတွေ ဖြစ်ပွားပြီး လူ ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာတွေမှာ

(၁) နရသီဝပ်ခရိုင် ကရော့မာသီမြို့ အုပ်ချုပ်ရေးရုံးရှေ့မှာ ၁ ကြိမ် ၊ ထိခိုက်သူ မရှိ။

(၂)  နရသီဝပ်ခရိုင် ရီးဆော့တ်မြို့ ဆာပူလဟန်ရပ်ကွက်မှာ တပ်ဖွဲ့ဝင် ၁ ဦး အပစ်ခံရ။

(၃) ဆုန်ခလာခရိုင် ထေဖာမြို့နယ်မှာ အွမ်ဆင်ဘဏ်တိုက် အေတီအမ်ငွေထုတ်စက်အနီး ဗုံးဖောက်ခွဲခံရ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရ။

(၄) ဆုန်ခလာခရိုင် ထေဖာမြို့ပေါ် အီဇူးစူးကားအရောင်းပြခန်း အပစ်ခံရပြီး လုံခြုံရေး အစောင့်ဝန်ထမ်း ၂ ဦး သေဆုံး။

(၅) ဆုန်ခလာခရိုင် ချနမြို့နယ် တက်စ်ကိုလိုတ်စ် ကုန်တိုက်ရှိ လျှပ်စစ်ဓာတ်အိုး ပစ်ခတ်ခံရ  

(၆) ပတ္တနီခရိုင် တလုဘို့မြို့ စစ်သားရွေးချယ်လေ့ကျင့်ရေးဌာနရှေ့ ဗုံးပေါက်၊ ထိခိုက်သူ မရှိ။

(၇) ပတ္တနီခရိုင် နောင်ကျစ်မြို့ တုရုံးရပ်ကွက်ထဲမှာ ၂ နေရာ သေနတ်နဲ့ အပစ်ခံရ၊ ဓာတ်မီးတိုင် ၂ တိုင် ထိပြီး တမြို့လုံး လျှပ်စစ်မီးပြတ်တောက်ခဲ့။

(၈) ပတ္တနီခရိုင် ဒွန်ယန်းမြို့နယ် ပတ္တနီဟတ်ယိုင်လမ်းမပေါ်ရှိ ဆဲဗဲင်းအလဲဗဲင်း ကုန်စုံဆိုင် အရောင်းဝန်ထမ်း ခြိမ်းခြောက်ခံရပြီး ဆိုင်အနီး ၂ ကြိမ် ပစ်ခတ်ခံရ။

(၉) ပတ္တနီခရိုင် ယာ့လင်မြို့နယ်  စစ်တပ်လုံခြုံရေးဂိတ်တစ်ခု အပစ်ခံရပြီး ဗိုလ်မှူး ၁ ဦး ကျဆုံး။

ဒီဖြစ်စဉ်တွေ အားလုံးဟာ နိုဝင်ဘာ ၃ ရက် ည ၉ နာရီခွဲကနေ ၁၀ နာရီကျော်ထိ ဆက်တိုက် ဖြစ်ပွားခဲ့တာလို့  ဆိုပါတယ်။

ဒီတိုက်ခိုက်ခံရမှုတွေဟာ စနစ်တကျ စီမံထားဟန်ရှိပြီး ပုဂ္ဂိုလ် ၁၃ ဦးပါ ထိုင်းတောင်ပိုင်း စေ့စပ်ညှိနှိုင်းရေး အထူးအဖွဲ့က  နိုဝင်ဘာ ၃ ရက်နေ့မှာ ပတ္တနီခရိုင်ရှိ အစ္စလမ်ဘာသာရေး ခေါင်းဆောင်တွေ၊ လူမျိုးစုခေါင်းဆောင်တွေနဲ့ လာရောက်တွေ့ဆုံမယ့် အချိန်နဲ့လည်း တိုက်ဆိုင် နေတယ်လို့  သနေရှင်းသတင်းက သုံးသပ်ထားပါတယ်။  

အဆိုပါ ထိုင်းတောင်ပိုင်း ၃ ခရိုင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က သီးခြားတည်ရှိခဲ့တဲ့ ဒေသတွေဖြစ်ပြီး အယုဒ္ဓယခေတ်မှစ ထိုင်းဘုရင်အဆက်ဆက်ရဲ့ သိမ်းသွင်းမှုခံခဲ့ရကာ ယနေ့ လက်ရှိ ထိုင်းတောင်ပိုင်းရဲ့ အစိပ်အပိုင်းထဲမှာ ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံမှ ခွဲထွက်လိုသော လက်နက်ကိုင်အုပ်စုတွေကြောင့် မကြာခဏ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။  

ရုပ်သံ - nationtv.tv

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013