DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများကို ဗဟိုကရွေးမည်
DVB
·
November 3, 2016
ကြားဖြတ်ရွေးကောက်ပွဲ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းများကို ဗဟိုကရွေးမည်
Donate to DVB

ရန်ကုန်တိုင်းအတွင်း ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ခြင်းလုပ်ငန်း မစတင်ရသေးဘဲ ၂၀၁၅ တုန်းကလိုပဲ ဗဟိုက ရွေးတဲ့သူသာ အတည်ဖြစ်လိမ့်မယ်လို့ တိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ကော့မှူးမြို့နယ် အပါအ၀င် လစ်လပ်မဲဆန္ဒနယ် ၅ ခုရှိပြီး အဲ့ဒီ နေရာတွေအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မယ့်အနေအထားနဲ့ပတ်သက်လို့ ဆက်သွယ်မေးကြည့်ရာမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“၂၀၁၅ တုန်းကတော့ အောက်ခြေက ဘယ်လောက်တင်တင် အလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အတည်ဆိုတဲ့စာက တခါတည်း ပါထားပြီးသားလည်း ရှိတယ်ခင်ဗျ။ အဲ့ဒီတော့ အောက်ခြေကလည်း တင်ခိုင်းလိမ့်မယ် ထင်ပါတယ်။ ဒါပေမယ့် ရွေးချယ်မှုအပိုင်းကတော့ ဗဟိုကပဲ လုပ်လိမ့်မယ်လို့ ထင်ပါတယ်။”

အခုလ ၁၂ ရက်နေ့မှာ ပါတီဗဟိုကော်မတီစည်းဝေးပွဲရှိပြီး အဲ့ဒီအစည်းအဝေးပွဲပြီးမှပဲ ကိုယ်စားလှယ်လောင်း ရွေးချယ်မယ့်ကိစ္စ တစုံတရာ ညွှန်ကြားချက် ထွက်လာဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ကိုယ်စားလှယ်လောင်း ၅၀၀ ခန့် စာရင်းတင်သွင်းခဲ့ပြီး မြို့နယ်အဆင့်၊ တိုင်းအဆင့် အဆင့်ဆင့် ရွေးချယ်ပြီး ဗဟိုကို တင်ပြခဲ့ကြပါတယ်။

နောက်ဆုံးအဆင့် ရွေးချယ်မှုကိုတော့ ပါတီဗဟိုကော်မတီကပဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုအခါမှာ ကိုယ်စားလှယ်လောင်းတချို့ အောက်ခြေလွတ်ပြီး ဘဝင်မမြင့်ကြဖို့ ဗဟိုက သတိပေးရတဲ့အထိ ဖြစ်နေပါတယ်။

ဒါကြောင့် ဒီတကြိမ်ကြားဖြတ်အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုမှာ ပါတီ ဗဟိုကော်မတီအနေနဲ့ တင်းတင်းရင်းရင်း ကိုယ်တွယ်လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ပါတီတွင်းမှာတော့ အောက်ခြေနဲ့ နီးစပ်ပြီး ပါတီနဲ့ တဆက်တစပ်တည်း ရှိခဲ့တဲ့သူတွေကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဖို့ ဆန္ဒရှိနေကြပါတယ်။
အဖွဲ့ချုပ်ဗဟိုကော်မတီကတော့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာတိုင်း ဝင်ပြိုင်မယ်လို့ ထုတ်ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013