DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်လာနိုင်
DVB
·
November 2, 2016
ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်လာနိုင်
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနကရော မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကပါ ခန့်မှန်းထားပါတယ်။

ဒီနေ့မြန်မာစံတော်ချိန် ၁၃း၃၀ နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ဒီကနေ့ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ထားပါတယ်။

အလားတူ မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်ကလည်း ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းက အစပျိုးဖြစ်ခဲ့တဲ့ အရှေ့လေပွေလှိုင်း တစ်ခုဝင်ရောက်လာမှုကြောင့် ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး အဲဒီလေဖိ အားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး လောလောဆယ်မှာတော့ အနောက်မြောက်ဖက်ကို တဖြေးဖြေးရွေ့နေတယ်လို့ ခန့်မှန်းထားပါတယ်။

ကနဦးခန့်မှန်းချက်တွေအရတော့ ဒီလေဖိအားနည်းရပ်ဝန်းဟာ နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ နောက် ၂၄ နာရီကနေ ၄၈ နာရီအတွင်း အင်အားအနည်းငယ်ရှိတဲ့ မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။

နိုင်ဝင်ဘာ ၅ ရက်နောက်ပိုင်းမှာ ရာသီကာလအရ အရှေ့မြောက်ဖက်ကို ပြောင်းလဲရွေ့သွား နိုင်တဲ့အတွက် ရခိုင်ကမ်းရိုးတန်းနေပြည်သူများအနေဖြင့် မုန်တိုင်းသတင်းများကို အချိန်နဲ့ တပြေးညီ သတိပြုကြဖို့လည်း နိုးဆော်ထားပါတယ်။

မုန်တိုင်းရဲ့ လေတိုက်နှုန်းဟာ ကနဦး ဒီကနေ့ ခန့်မှန်းချက်အရ တစ်နာရီ မိုင် ၃၀-၄၀ လောက်သာရှိနိုင်တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013