DVB Logo
Home
မြန်မာသတင်း
ကြိုတင်မဲပေးလိုသူများအတွက် မလေးရှားနှင့် စင်ကာပူ မြန်မာသံရုံးများ ကြေညာ
DVB
·
November 2, 2016
ကြိုတင်မဲပေးလိုသူများအတွက် မလေးရှားနှင့် စင်ကာပူ မြန်မာသံရုံးများ ကြေညာ
Donate to DVB

 

မလေးရှားနိုင်ငံရောက် မဲဆန္ဒရှင် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ မြန်မာသံရုံးကြေညာချက်ထဲမှာ မလေးရှားရောက် မြန်မာများ ကြိုတင်ဆန္ဒမဲတောင်းခံရန် ပုံစံ (၁၅) အား မှန်ကန်ပြည့်စုံစွာ ဖြည့်စွက်ပြီး မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့သို့ ဒီဇင်ဘာ ၅ ရက် နောက်ဆုံးထားပြီး လူကိုယ်တိုင် လာရောက်ပေးပို့ရမယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ကြိုတင်ဆန္ဒမဲပေးမယ့် မြန်မာနိုင်ငံသားအနေနဲ့ အမြဲတမ်းနေရပ်လိပ်စာ  အခြေခံ မဲစာရင်းတွင် မိမိ အမည် ပါဝင်ခြင်းရှိ/မရှိ စစ်ဆေးရန်လိုတယ်။

မိမိအမည်မပါရှိပါက သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်များသို့ ဆက်သွယ်ပြီး အမည်စာရင်းပါရှိရန် ကာယကံရှင်များ ကိုယ်တိုင်ဆောင်ရွက်ရန် လိုတယ်လို့လည်း ဖော်ပြထား ပါတယ်။

ပြည့်စုံစွာဖြည့်စွက်ပြီး ပုံစံ-၁၅ အား မြန်မာသံရုံးသို့ ပြန်လည်ပေးပို့ရာမှာ နိုင်ငံကူးလက်မှတ်မိတ္တူ ၊ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကဒ်ပြားမိတ္တူ ၊ ဆက်သွယ်ရန်လိပ်စာ (မလေးရှား နိုင်ငံရှိ လိပ်စာအား အင်္ဂလိပ်ဘာသာဖြင့် ဖြည့်စွက်ပေးပါရန်)နှင့် တယ်လီဖုန်းအမှတ်တို့အား ပူးတွဲပြီး လူကိုယ်တိုင်လာရောက်ပေးပို့ပေးပါရန် အသိပေးအပ်ပါတယ်လို့လည်း မြန်မာသံရုံး ကြေညာချက်က ဆိုပါတယ်။

၂၀၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးလိုကြတဲ့ နိုင်ငံခြားရောက်မြန်မာများအနေနဲ့  ကြိုတင်ဆန္ဒမဲတောင်းခံရန် ပုံစံ(၁၅)အား ပြည်ထောင်စုရွေးကောက်ပွဲေ က်ာမရှင်ဝက်ဘ်ဆိုဒ်မှာ သော်လည်းကောင်း၊ သက်ဆိုင်ရာ မြန်မာသံရုံးများမှာသော်လည်းကောင်း နိုဝင်ဘာ ၁ ရက်ကစလို့ ရယူဖြည့်စွက် နိုင်ကြပြီ ဖြစ်ပါတယ်။

အလားတူကြေညာချက်တစောင်ကို စင်ကာပူရှိ မြန်မာသံရုံးကလည်း နိုဝင်ဘာ ၂ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013