DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏မဲဆန္ဒနယ် ကော့မှူးတွင်မဲစာရင်းကောက်
DVB
·
November 2, 2016
ဒေါ်အောင်ဆန်းစုကြည်၏မဲဆန္ဒနယ် ကော့မှူးတွင်မဲစာရင်းကောက်
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲအတွက်  မနေ့ကစလို့ တအိမ်တက်ဆင်း မဲစာရင်းကောက်ယူခဲ့ကြရာမှာ လူ ၁၀၀မှာ ၄ ဦးလောက် မဲပေးသူအရေအတွက် ထပ်တိုးလာတယ်လို့ မဲစာရင်းလိုက်ကောက်တဲ့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက ပြောပါတယ်။

အခုကောက်တဲ့ မဲစာရင်းတွေဟာ ၂၀၁၅ရွေးကောက်ပွဲတုန်းက မဲစာရင်းကို အခြေခံကောက်ယူတာဖြစ်ပြီး မဲစာရင်းသစ်မှာ သေဆုံးလို့ ပယ်ဖျက်ရသူနည်းပြီး ထပ်တိုးလာတဲ့သူတွေက ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ့်အချိန်မှာ အသက် ၁၈ ပြည့်မယ့်သူတွေဖြစ်တယ်လို့ဆိုပါတယ်။

၂၀၁၇ ဧပြီ ၁ ရက်နေ့မှာ လစ်လပ်နေရာ ၁၉ နေရာ အတွက်  ကြားဖြတ်ရွေးကောက်တွေ ကျင်းပဖို့ရှိနေတာပါ။ ဒီအထဲမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့တဲ့  ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော်နေရာလည်းပါဝင်နေတာဖြစ်ပါတယ်။

ကော့မှူးမြို့နယ် မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားတယ်ဆိုတာ မသိရသေးသလို ပြိုင်ဘက်ပါတီ တွေကလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့  ကော့မှူးမြို့နယ်မှာ အန်အယ်လ်ဒီက ဒေါ်အောင်ဆန်းစုကြည်၊ကြံ့ခိုင်ရေးပါတီက ဦးကျော်ဇင်ဟိန်း၊ ခေတ်သစ်ပြည်သူ့ပါတီက ဒေါ်ရီရီစံ၊ အမျိုးသားတိုးတက်ရေးပါတီက ဒေါ်ယုယုခိုင်နဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီက ဦးညီဝင်းတို့ဝင်ပြိုင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခိုင်လုံမဲပေါင်း  ၅၄၆၇၆မဲ၊  ရာခိုင်နှုန်းအားဖြင့် ၇၆ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013