DVB Logo
Home
မြန်မာသတင်း
ပန်ဒါချည်မျှင်အထည်စက်ရုံ အလုပ်သမားခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများ ဆွေးနွေး
DVB
·
November 2, 2016
ပန်ဒါချည်မျှင်အထည်စက်ရုံ အလုပ်သမားခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများ ဆွေးနွေး
1 / 4
Donate to DVB

ပလိပ်မြို့ ပန်ဒါချည်မျှင်အထည်စက်ရုံက ရက် ၁၅၀ ကျော်ကြာ သပိတ်မှောက်နေတဲ့ အလုပ်သမားခေါင်းဆောင်တွေနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတွေ နိုဝင်ဘာလ ၁ ရက်နေ့မှာ အခုမှောက်ထားတဲ့ သပိတ်နဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ ဆွေးနွေးပွဲက မပြီးပြတ်ဘဲ တိုင်းဒေသကြီးအစိုးရအနေနဲ့ အလုပ်သမားနဲ့ အလုပ်ရှင် အမြန်ပြေလည်မှုရရှိရေးအတွက် အရင်စာချုပ်တွေအစား ယာယီ နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုပေးနိုင်ဖို့ နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁ နာရီမှာ ပြန်လည်ချိန်းဆိုထားပါတယ်။

ပန်ဒါအထည်ချုပ်စက်ရုံဟာ အရင် စက်မှုဝန်ကြီးဌာနပိုင် ပလိပ်ချည်မျှင်နဲ့ အထည်အချောကိုင်စက်ရုံ ဖြစ်ပြီး စက်ရုံကို ပုဂ္ဂလိကကို လွှဲပြောင်းငှားရမ်းရာမှာ မူလအစိုးရခန့် အလုပ်သမားတွေကိုပါ တပါတည်း လွှဲပြောင်းခဲ့ပါတယ်။

အဲဒီနောက် စာချုပ်ပါ အချက်အလက်တွေနဲ့ မကိုက်ညီမှုတွေ ရှိလာတာကြောင့် လွှဲပြောင်းခံ စက်ရုံလုပ်သားတွေက ပင်ဒါကုမ္ပဏီကို သပိတ်မှောက် ဆန္ဒပြခဲ့ကြတာပါ။ အဲဒီဆန္ဒပြမှုမှာ အလုပ်သမားဝန်ကြီးဌာနက ပင်ဒါကုမ္ပဏီကို စာချုပ်ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013