DVB Logo
Home
မြန်မာသတင်း
ကျား၊ မ မရွေး အသုံးပြုနိုင်သည့် အများသုံးအိမ်သာ ရှန်ဟိုင်းတွင် စမ်းသပ်အသုံးပြု (ရုပ်သံ)
DVB
·
November 2, 2016
ကျား၊ မ မရွေး အသုံးပြုနိုင်သည့် အများသုံးအိမ်သာ ရှန်ဟိုင်းတွင် စမ်းသပ်အသုံးပြု (ရုပ်သံ)
Donate to DVB

အချိန်အကြာကြီး စောင့်ဆိုင်းတန်းစီနေရတာကို သက်သာစေဖို့ အမျိုးသားရော၊ အမျိုးသမီး တွေပါ အတူတကွ အသုံးပြုနိုင်တဲ့ အများသုံးအိမ်သာကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ စတင် စမ်းသပ်အသုံးပြုသွားမယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအိမ်သာကို ပူဒေါင်ဒေသတွင်း လူသူရှုပ်ထွေးတဲ့ ပန်းခြံတခုအနီးမှာ ထားရှိမှာဖြစ်ပြီး ကျား၊ မ အသုံးပြုနိုင်တဲ့ အခန်း ၁၀ ခန်း ပါဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အပေါ့သွားမယ့်နေရာနဲ့ မသန်စွမ်းတွေအတွက်လည်း သီးသန့်အခန်းတွေ စီစဉ်ထားရှိမှာပါ။

ဒီအများသုံးအိမ်သာကို လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့အိမ်သာများနေ့မှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

“အမျိုးသမီးတွေအတွက် အိမ်သာ အသုံးပြုဖို့ စောင့်ဆိုင်း တန်းစီနေရတာဟာ လတ်တလော ပြဿနာတခု ဖြစ်တယ်”လို့ ဒီပရောဂျက်မှာ ပါဝင်တဲ့ တာဝန်ရှိသူ ဖူလီပင်းက ပြောပါတယ်။

ဒီအိမ်သာအခန်းတွေဟာ သာမန်အိမ်သာအခန်းတွေထက် ပိုပြီးကျယ်ဝန်းမှာ ဖြစ်ပြီး ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက်တော့ အခန်းတွေကြား နံရံအမြင့်တွေနဲ့ ကာရံထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နောက်ထပ်ခုလို ကျား၊ မ မရွေး အသုံးပြုနိုင်တဲ့ အိမ်သာမျိုး ဆောက်လုပ်မယ့် အစီအစဉ်မရှိသေးဘဲ တချို့ကတော့ ဒီအစီအစဉ်ကို ဝေဖန်နေကြတာပါ။

တရုတ် လူမှုကွန်ရက်အင်တာနက်စာမျက်နှာ ဝေဘိုအသုံးပြုသူတဦးဖြစ်တဲ့ ဇူဇူးရှာ ကတော့ ဒီအစိအစဉ်ကို လက်မခံသင့်ဘဲ အမျိုးသမီးနဲ့ အမျိုးသားဟာ လုံးဝ မတူညီဘူးလို့ ရေးခဲ့တာပါ။

နောက်တဦးကတော့ ဒီအခက်အခဲကို ဖြေရှင်းဖို့ အမျိုးသမီးအိမ်သာတွေကို ၂ ဆ တိုးဆောက်ပေးလိုက်ဖို့ ဝေဖန်ရေးသားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013