DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် နယ်မြေရှင်းလင်းစဉ် သေနတ်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရမိ
DVB
·
November 2, 2016
မောင်တောတွင် နယ်မြေရှင်းလင်းစဉ် သေနတ်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရမိ
Donate to DVB

နယ်ခြားစောင့် စခန်းကို အောက်တိုဘာလ ၉ ရက်နေ့ စီးနင်းတိုက်ခိုက်သူတွေ ယူဆောင်သွားခဲ့တဲ့ သေနတ် ၁ လက်နဲ့ ကျည်အချို့ကို မောင်တောမြို့နယ်မှာ မနေ့က နယ်မြေရှင်းလင်းစဉ်ဆောင်စဉ် တွေ့ရှိခဲ့တယ်လို့ ပြန်ကြားရေး သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနဲ့ နယ်ခြားစောင့်ရဲ့တပ်ဖွဲ့ဝင် များပါဝင်တဲ့ ပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် သက္ကယ်ပြင်ရွာနှင့်ဝါးပိတ်ရွာကြား စပါးခင်းအတွင်းမှ အမ်အေ-၁၁ သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၄င်းကျည် ၂၀ စောင့်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိတဲ့ သေနတ်မှာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတွေ ယူဆောင်သွားခဲ့တဲ့ သေနတ်ဖြစ်ကြောင်း သိရှိရပါတယ်။

သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများအား နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013