
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ခေါ်ချက်နဲ့ ၅ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ ဒီနေ့ ညနေပိုင်းက တိုကျိုမြို့ ဟာနေဒါ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိပါတယ်။
တိုကျိုလေဆိပ်မှာ ဂျပန်ရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းကြိုဆို ခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို ဒီကနေ့မနက်က တရားဝင်ချစ်ကြည်ရေးခရီး စတင်ထွက်ခွာခဲ့ တာပါ။
ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်ဝန်ကြီးချုပ်၊ မင်းဧကရာဇ်နဲ့ မိဖုရားကြီးတို့နဲ့ တွေ့ဆုံသွားမှာ ဖြစ်ကြောင်း သိရပါတယ်။










