DVB Logo
Home
မြန်မာသတင်း
လှိုင်မြို့နယ်တွင် မဲစာရင်းများ စတင်ကောက်ယူ
DVB
·
November 1, 2016
လှိုင်မြို့နယ်တွင် မဲစာရင်းများ စတင်ကောက်ယူ
1 / 9
Donate to DVB

 

လာမယ့်ဧပြီ ၁ရက်နေ့  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေထဲက တခုဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က  ဒီကနေ့ မဲဆန္ဒရှင်စာရင်းတွေ စတင်ကောက်ခံနေပါတယ်။

 ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆) နေရာမှာ လွှတ်တော်ကိုယ်စားလှယ် ၁နေရာ လစ်လပ်နေတဲ့အတွက်   ဒီမဲဆန္ဒနယ်နဲ့ သက်ဆိုင်တဲ့ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ရှိနေတာ ဖြစ်ပါတယ်။

လစ်လပ်နေရာ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်တွေမှာ မဲစာရင်းတွေမှန်ကန်ဖို့ ကော်မရှင် အမှုထမ်းတွေက တစ်အိမ်တက်ဆင်း (Door to Door) စနစ်နဲ့  နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်ထိ မဲစာရင်းတွေကောက်ခံမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့  မဲဆန္ဒရှင်အမည်စာရင်းတွေ မှားယွင်းတာ၊ ကျန်နေခဲ့တာ၊ အသက်သေဆုံးသူတွေ မဲစာရင်းထဲပါနေတာတွေရှိခဲ့လို့ ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။  

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013