DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်သံသယရှိသူ ၁ ဦးနှင့် တဖက်နိုင်ငံကိုလှေဖြင့် ပို့ပေးသူ ၂ ဦးဖမ်းမိ
DVB
·
November 1, 2016
အကြမ်းဖက်သံသယရှိသူ ၁ ဦးနှင့် တဖက်နိုင်ငံကိုလှေဖြင့် ပို့ပေးသူ ၂ ဦးဖမ်းမိ
Donate to DVB

 

ခိုင်ပြည်နယ် မောင်တောအကြမ်းဖက်စီးနင်းတိုက်ခိုက်မှုမှာ ပါဝင်သူလို့ ယူဆရသူ ၁ဦးနဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကို တဖက်နိုင်ငံကို  လှေနဲ့ ပို့ဆောင်ကူညီခဲ့သူ ၂ ဦးကို ဖမ်းဆီးရ မိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  သတင်းထုတ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေအပါအ၀င် တဖက်နိုင်ငံသွားမယ့် ဘင်္ဂလီတွေကို တစ်ယောက်ကို ငွေကျပ် ၁ သိန်းယူပြီး လှေနဲ့ပို့ဆောင်ပေးခဲ့တဲ့  မောင်တောမြို့နယ် သာစည်ကျေးရွာနေ ကော်ရီမူလာနဲ့  မင်္ဂလာကြီးကျေးရွာနေ ဘာဘက်စ်တို့ကို  အောက်တိုဘာ ၃၁ ရက်မနက်က သက်ဆိုင်ရာ ကျေးရွာနေအိမ်တွေမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၉ ရက် နယ်ခြားစောင့်ရဲစခန်းတွေ အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှုရှိတယ်လို့  ယူဆရတဲ့  နူရ်အာလောင်ကိုလည်း  အောက်တိုဘာ ၃၀ ရက် ညနေက ဘူးသီးတောင်မြို့မဈေးအနီးမှာ  ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို  တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့  ပြင်ဖြူနယ်မြေရဲစခန်းနဲ့ မောင်တောမြို့မရဲစခန်းကို လွှဲပြောင်းအပ်နှံထားတယ် လို့ တပ်မတော်သတင်းထုတ်ပြန်ချက် အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013