DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်းအတွင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွား
DVB
·
October 31, 2016
မန္တလေးတိုင်းအတွင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွား
Donate to DVB

 

မန္တလေးတိုင်းဒေသကြီး  မြစ်သား၊ သာစည်၊ မလှိုင် စတဲ့မြို့နယ်တွေထဲက ကျေးရွာတွေမှာ ခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

မြစ်သားမြို့နယ်မှာဆိုရင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စမုံမြစ်ရေလျှံပြီး ကျေးရွာတွေမှာ ရေ၀င်နေတယ်လို့  ဒေသခံ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။

“ရေက စမုံချောင်းကနေ တိုးတာ။ စမုံချောင်းရဲ့အောက်မှာ ဆည်ခတ်ထားတယ်။ အဲဒါ စစ်တပ်ကုန်းဆည်၊ စစ်တပ်ကုန်းဆည်ရဲ့အောက်မှာ ဒါးရဲကောင်းရွာမှာ ရေဝင်နေတယ်။ ဒါးရဲကောင်းနဲ့ဂွေးရွာကြားမှာရှိတဲ့ လမ်းဟာလည်း ဖြတ်သွားလို့မရတော့ဘူး။ ဒီဘက်မှာရှိနေတဲ့ အင်းရင်း၊ ဆင်မြိုင်ရယ် ပေါက်မြိုင်ရယ်ရေဝင်တယ်။ ”

ရေကြီးမှုကြောင့် ရွာလမ်းတွေပေါ် ရေကျော်၊ နေအိမ်တွေ ရေဝင်ပေမယ့် ပြောင်းရွှေ့ရတဲ့အဆင့် မရှိသေးဘူးလို့လည်း ပြောပါတယ်။

အလားတူ သာစည်မြို့နယ်မှာလည်း ညောင်ရမ်းမင်းလှကန်ကနေ ရေလွှတ်လိုက်တဲ့ ရေကြောင့် မြို့နယ်တွင်းကျေးရွာ ၁၅ ရွာလောက် ရေဝင်နယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်က ပြောပါတယ်။

“ရေက အများကြီးတော့ မဟုတ်ပါဘူး။ ရေကျော်တာတွေတော့ ရှိပါတယ်။ အခုဟာက ရွာတိုင်းလိုလိုမှာဖြစ်တာလေ။ မိုးများတဲ့အတွက်ကြောင့် ရေနုတ်မြောင်းတွေ၊ ရေလွှဲမြောင်းတွေ လွှတ်လိုက်တဲ့အခါကျတော့ ပျံ့ပြီးတော့ တက်တာပေါ့။ ညောင်ရမ်းမင်းလှကန်ကနေ ရေတောင့်တော့ လွှဲတာပေါ့။ အဲဒီမှာကျတော့ ရေတွေပြန့်တက်တာပေါ့။ အဲဒါ ရွာပေါင်းစုံလို ဖြစ်နေတာပါ။”

မလှိုင်မြို့နယ်မှာလည်း မိုးကြီးပြီး ရေလှောင်ကန်တွေ ရေထိန်းမရလို့ ကျိုးကျတာတွေ ရှိပေမယ့် ရွာတွေ ရေဝင်၊ ရေကြီးတာမရှိဘူးလို့လည်း ဒေသခံလွှတ်တော်ကိုယ်စားလှယ် ဦးချစ်မင်းသိန်းက ပြောပါတယ်။

“ရေကြီးနှစ်မြုပ်တာတော့ မဟုတ်ဘူး။ ကျနော်တို့ ဖြစ်ရိုးဖြစ်စဉ်အတိုင်း မဟုတ်ဘဲနဲ့ လျှပ်တပြက် မိုးကြီးလိုက်တဲ့အခါ ပြီးခဲ့တဲ့ကာလ ဆည်ဆောက်ထားတဲ့ အနေအထားတွေက ရေမနိုင်တဲ့ အတိုင်းအတာတွေ။ နည်းပညာလိုတဲ့ အတိုင်းအတာတွေဖြစ်နေတာဆိုတော့ ဆည်ကျိုးတာပေါက်တာ အဆင့်လောက်တော့ရှိပါတယ်။ ဟိုလို ပြည်သူလူထု ဒုက္ခရောက်အောင် နစ်တာမြုပ်တာတော့ မရှိပါဘူး။ ”

တောင်သာမြို့နယ်ထဲမှာလည်း ဆင်တဲဝချောင်း ရေတိုက်စားမှုကြောင့် စိုက်ပျိုးသီးနှံတွေ ရေလွှမ်းတာနဲ့ လူနေအိမ်အချို့ရွေ့ပြောင်းခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်း ပြီးခဲ့တဲ့လပိုင်းတွေကလည်း မိုးကြီးပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013