DVB Logo
Home
မြန်မာသတင်း
မင်းသားမိုးအောင်ရင်အမှု တရားလိုရဲအုပ်ကို ဆက်လက်စစ်ဆေး
DVB
·
October 31, 2016
မင်းသားမိုးအောင်ရင်အမှု တရားလိုရဲအုပ်ကို ဆက်လက်စစ်ဆေး
Donate to DVB

 

မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် မိုးအောင်ရင်အမှုကို ဒီကနေ့ ပုဇွန်တောင်မြို့နယ်တရားရုံးမှာ တရားလိုဖြစ်တဲ့ ရန်ကုန်အနောက်ပိုင်းမူးယစ်တပ်ဖွဲ့စု ၄၂ က ရဲအုပ်ထွန်းထွန်းကို တရားခံ ရှေ့နေတွေက အပြန်အလှန်မေးမြန်းစစ်ဆေးခဲ့ပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၁၅/၂၀၁၆နဲ့ ပုဇွန်တောင်ရဲစခန်းက အမှုဖွင့်တိုင်ကြားထားတာဖြစ်ပြီး တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်စိုးနဲ့ ဒေါ်ရီရီဝင်းတို့က တရားလိုရှေ့နေအဖြစ် အမှုကို လိုက်ပါဆောင်ရွက်နေတာပါ။

သရုပ်ဆောင်မိုးအောင်ရင်အမှုမှာ တရားလိုဖြစ်တဲ့ ရဲအုပ်ထွန်းထွန်းကို အရင်တပတ် ရုံးချိန်းမှာ စစ်ဆေးလို့ မပြီးတာကြောင့် ထပ်ပြီးစစ်ဆေးခြင်းဖြစ်ကြောင်း၊ လာမယ့်နိုဝင်ဘာ ၁၆ ရက်မှာ ရဲအုပ်ကျော်အောင်ကို ဆက်လက်စစ်ဆေးမယ်လို့  ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးမြင့်ကျော်က ပြောပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်ဟာ ပုဇွန်တောင်မြို့နယ်တရားရုံးအပြင် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှာလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အမှုရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013