DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲတွင် ဝနှင့် မိုင်းလားဒေသ ပါဝင်စေလို
DVB
·
October 31, 2016
ကြားဖြတ်ရွေးကောက်ပွဲတွင်  ဝနှင့် မိုင်းလားဒေသ ပါဝင်စေလို
Donate to DVB

 

အားလုံးပါဝင်နိုင်တဲ့ အမျိုးသားရင်ကြားစေ့ရေးဖြစ်ဖို့အတွက် လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝနဲ့မိုင်းလားဒေသကို ချန်ထားလို့ မဖြစ်ဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောပါတယ်။

၂၀၁၇ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ်တွေထဲမှာ တ၀က်လောက်က ရှမ်းပြည်နယ်ထဲမှာဖြစ်ပြီး  ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ်တို့မှာ နေရာ ၆ ခု၊ ကျိုင်းတုံမှာလစ်လပ် နေရာ ၁ခု နဲ့ နောက်ဆုံးကြေညာလိုက်တဲ့ ညောင်ရွှေမြို့မှာလည်း လစ်လပ်နေရာ ၁ခု ရှိပါတယ်။

အဲဒီလစ်လပ်နေရာ ၈ ခုမှာ SNLD ပါတီကဝင်ရောက်ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားတယ်လို့ ပါတီအတွင်းရေးမှူး ၁  ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

အားလုံးပါဝင်နိုင်တဲ့ အမျိုးသား ရင်ကြားစေ့ရေးဖြစ်ဖို့ဝနဲ့ မိုင်းလားကို ချန်မထားဘဲ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးစေလိုတဲ့အကြောင်း လုံခြုံရေးအကြောင်းပြပြီးတော့မှ နိုင်ငံရေးအရသူတို့ကို ပါဝင်ခွင့်မပေးနိုင်ဘူးဆိုရင်  တချိန်ချိန်မှာ ဝိဝါဒကွဲစရာတွေဖြစ်မယ်၊ ဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တာဝန်ရှိတဲ့ အစိုးရအဖွဲ့က တာဝန်ယူေ ဆာင်ရွက်ပေးဖို့ တိုက်တွန်းလိုပါတယ်လို့  ဦးစိုင်းလိတ်က ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းကတော့ မိုင်းလားမြို့က လွဲလို့ ဝဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာဖြစ်တဲ့ ပန်ဆန်း၊ နားဖန်၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်တွေမှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွေဖွင့်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။

အဲဒီ ၅ မြို့နယ်မှာ ပြည်သူ့လွှတ်တော် ၅ နေရာနဲ့ ပြည်နယ်လွှတ်တော် ၁၀ နေရာတို့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့မရှိသေးဘူးလို့ လည်း ပြောပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လစ်လပ်မဲဆန္ဒနယ် ၃၄ နေရာရှိပေမယ့် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနဲ့ ပြည်နယ်လွှတ်တော် ၇ နေရာ ၁၉ နေရာတို့မှာပဲ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဧပြီ ၁ ရက်နေ့ကျင်းပမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013