DVB Logo
Home
Lead Story
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တောင်ကိုရီးယားခရီးစဉ် (သတင်းဓာတ်ပုံ)
DVB
·
October 31, 2016
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တောင်ကိုရီးယားခရီးစဉ် (သတင်းဓာတ်ပုံ)
1 / 5
Donate to DVB

 

မြန်မာလွှတ်တော်အစည်းအဝေးတွေရပ်နားချိန်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်တဲ့  မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံမှာ ချစ်ကြည်ရေး ခရီးရောက် ရှိနေပါတယ်။

ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ချွမ်ဆေကြူရဲ့ ဖိတ်ကြားချက်အရ  ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ အဖွဲ့ဟာ  အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေတာဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ကိုရီးယားအမျိုးသားလွှတ်တော်သို့သွားရောက်ပြီး နှစ်နိုင်ငံ လွှတ်တော် အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်တွေ၊ လွှတ်တော်ရဲ့ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့  အမြင်ချင်းဖလှယ် ဆွေးနွေးကြတယ်လို့ ပြည်သူ့လွှတ်တော် က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကိုရီးယားစစ်သမိုင်းပြတိုက်၊   ဂယောင်းဘို့နန်းတော်နဲ့ ပြတိုက်၊  ဆမ်းဆောင်း တီထွင်မှုပြတိုက်နဲ့ စွန့်ပစ်ပစ္စည်းအမှိုက်တွေကနေ စွမ်းအင်ထုတ်လုပ်ပေးတဲ့   Gang Nam Resource Recovery စက်ရုံကို လည်းသွားရောက်လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့အတူ  ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း၊ တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ အတွင်းရေးမှူး ဦးသိန်းထွန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးလှထွန်းအောင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေဇင်လတ်နဲ့  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတွေ လည်း ဒီခရီးစဉ်မှာ လိုက်ပါသွားတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013