Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးတွင် စီးပွားရေးလုပ်ငန်းရှင်များလိုက်ပါသွားမည်
DVB
·
October 31, 2016
j4
j3
j2
j1
Nobel laureate and Myanmar opposition leader Aung San Suu Kyi shakes hands with Japan's Prime Minister Shinzo Abe at Abe's official residence in Tokyo
  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကစီးပွားရေးလုပ်ငန်းရှင် ၃၀ လောက်လည်း လိုက်ပါသွားဖို့ ရှိနေပါတယ်။ လိုက်ပါမယ့် လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCC)က စီစဉ်တာဖြစ်ပြီး ဘဏ်လုပ်ငန်း၊ အိုင်တီနည်းပညာ၊ စိုက်ပျိုးရေး  စတဲ့ လုပ်ငန်းရှင်တွေ ပါဝင်မယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်  ရှင်ဇိုအာဘေးရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁ ရက်မှာ ဂျပန်ကို ချစ်ကြည်ရေးခရီး သွားရောက်မယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ ၅ ရက်ကြာ ဂျပန်ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံဝန်ကြီးချုပ် အပြင်  အစိုးရထိပ်တန်း တာဝန်ရှိသူတွေနဲ့  တွေ့ဆုံသွားဖို့ ရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဂျပန်ဝန်ကြီးချုပ်တို့ဟာ လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာလည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ကြဖူးပြီး ဂျပန်ဝန်ကြီးချုပ်က မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စတွေမှာ အပြည့်အ၀ထောက်ခံကူညီသွားမယ်လို့ ပြောထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024