DVB Logo
Home
မြန်မာသတင်း
ရွှေတိဂုံဘုရားကြီး၏ လုံခြုံရေးကိစ္စ ဆွေးနွေး
DVB
·
October 31, 2016
ရွှေတိဂုံဘုရားကြီး၏ လုံခြုံရေးကိစ္စ ဆွေးနွေး
Donate to DVB

 

ရွှေတိဂုံစေတီတော်ကြီးရဲ့လုံခြုံရေးနဲ့ သဘာဝဘေးဒဏ်အန္တရာယ်မှ ကာကွယ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့ ရွှေတိဂုံဂေါပကအဖွဲ့ဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်က ရွှေတိဂုံဘုရားကို အောက်တိုဘာ ၃၀ ရက်နေ့က တက်ရောက်ဖူးမြော်ပြီးနောက် ဂေါပက အဖွဲ့ဝင်တွေနဲ့ ရွှေတိဂုံဘုရား ဂေါပကအစည်းအဝေး ခန်းမမှာတွေ့ဆုံ အစည်းအဝေးပြုလုပ်ခဲ့တာပါ။

အစည်းအဝေးမှာ ဘုရားကြီးရဲ့လုံခြုံရေးကိစ္စ၊ စည်းကမ်းထိန်းသိမ်းရေးကိစ္စ၊ ဘုရားကြီး သဘာဝဘေးဒဏ် အန္တရာယ်ရန်တွေကနေ ကာကွယ်နိုင်ရေးကိစ္စတွေအပြင် ဘုရားကြီးရဲ့ နေ့စဉ်အလှူဝင်ငွေတွေကို စနစ်တကျစာရင်းသွင်းဖို့ကိစ္စလည်း ဆွေးနွေးခဲ့တယ်လို့ သာသနာရေး ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အနယ်နယ်အရပ်ရပ် ရပ်ဝေးရပ်နီးက ရောက်ရှိလာတဲ့ ဘုရားဖူးပြည်သူတွေ စိတ်ချမ်းချမ်းသာသာနဲ့ အပြည့်အ၀ဖူးမျှော်ခွင့်ရအောင် ဆောင်ရွက်ပေးဖို့ ကိစ္စလည်း  ဆွေးနွေးခဲ့ တယ်လို့ သာသနာရေးဝန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

ဒီအစည်းအဝေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်လက်ထက်မှာ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ အစည်းအဝေးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013