DVB Logo
Home
မြန်မာသတင်း
ရည်းစားဖြစ်သူကို ဓားဖြင့်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ
DVB
·
October 31, 2016
ရည်းစားဖြစ်သူကို ဓားဖြင့်ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေ
Donate to DVB

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကရင်တောရပ်ကွက်မှာ ဒီနေ့မနက်ပိုင်း ၈ နာရီက သမီးရည်းဓားထိုးမှု ဖြစ်လို့ ၂ ဦးစလုံး သေဆုံးသွားပါတယ်။

အမျိုးသမီးဖြစ်သူက ဒီနေ့ မနက်ပိုင်း ၈ နာရီအချိန်က ဆိုင်ကယ်နဲ့ ရုံးကို လာနေစဉ်  အမျိုးသားဖြစ်သူက လမ်းက အသင့်စောင့်ဆိုင်းပြီး အသင့်ပါလာတဲ့ ဓားနဲ့ အချက်ပေါင်းစွာ ထိုးသတ်လိုက်ပြီးနောက် အမျိုးသားဖြစ်သူကလည်း အဲဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ ရင်ဘတ်ထိုးသွင်းလိုက်တယ်လို့ ကျောက်ဖြူရဲစခန်းမှ ရဲအုပ်ဝင်းလွင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် ကောင်မလေးက ရုံးတက်မယ်ဆိုပြီးတော့ ဆိုင်ကယ်စီးပြီး ရုံးကိုလာတယ်။ အဲဒီမှာ ကောင်လေးက လမ်းကစောင့်ပြီးတော့ အသင့်ပါလာတဲ့ ဓားနဲ့လှမ်းထိုးတယ်။ ဆိုင်ကယ်ပေါ်က ကောင်မလေးက ပြုတ်ကျပြီး လဲသွားတာပေါ့။ အဲဒီမှာတခါ အမျိုးသားက ဖိပြီးတော့ ဓားနဲ့ထပ်ထိုးတယ်။ ထိုးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၉ ချက်တောင်မှ ထိုးလိုက်တာပါ။ ကောင်မလေးကိုထိုးလို့ ပြီးတာနဲ့ သူ့ကိုယ်သူ ဓားနဲ့ပြန်ထိုးတယ်။ ကောင်လေး ကတော့ ရင်ဘတ်နဲ့ဗိုက်မှာ ဒဏ်ရာသုံးချက်ရသွားတာပေါ့။ သူတို့နှစ်ယောက်ကတော့ သမီးရည်းစားလို့တော့ ပြောတယ်ဗျ။ ဘယ်လို အကြောင်းကြောင်းနဲ့ ထိုးတယ်ဆိုတာကတော့ မသိဘူး။”

ဓားထိုးခံရတဲ့ မေဆုထွန်းမှာ ရင်ဘတ်၊ နောက်ကျော၊ လက်မောင်းတွေမှာဖြစ်ပြီး ဓားထိုးဒဏ်ရာ ၉ ချက်နဲ့ ဆေးရုံရောက်ပြီး မိနစ် ၂၀ အကြာမှာ ဆုံးသွားပါတယ်။ ထွန်းမြတ်ဇံ ကတော့ ရင်ဘတ်နဲ့ ဗိုက်မှာ ဓားထိုးဒဏ်ရာ ၃ ချက်နဲ့ ဆေးရုံရောက်လို့ ၄၅ မိနစ်လောက် အကြာမှာ ဆုံးသွားတယ်လို့ ကျောက်ဖြူ ရဲစခန်းက ပြောပါတယ်။

အဲဒီဆုံးသွားတဲ့သူ ၂ ဦးကတော့ သမီးရည်းစားတွေ ဖြစ်ကြပြီး ဘယ်လိုအကြောင်း အမျိုးမျိုးကြောင့် သတ်ဖြတ်မှုတွေ ဖြစ်တယ်ဆိုတာ စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ရဲအုပ်ဝင်းလွင်က ပြောပါတယ်။

သေဆုံးသွားသူ ၂ ဦးကတော့ မေဆုထွန်း၊ ၂၈ နှစ်ကရင်တောရပ်ကွက်နဲ့ ထွန်းမြတ်ဇံ အသက် ၂၇ နှစ် ရခိုင် ပိုတ်ဆိပ်တို့ဖြစ်ကြတယ်လို့ သိရပါတယ်။ အခု အမှုကိစ္စနဲ့ ပတ်သက်လို့ ကျောက်ဖြူရဲစခန်းက အမှုဖွင့်နိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013